• Follow Us on

Home ချောင်းအတွင်း ငါးရှော့တိုက်ဖမ်းသည့် အမျိုးသားတစ်ဦး ဓါတ်လိုက်သေ ဆုံး


Share this post

မကွေး၊ အောက်တိုဘာ – ၃၀





(unicode)
ချောင်းအတွင်း ငါးရှော့တိုက်ဖမ်းသည့် အမျိုးသားတစ်ဦး ဓါတ်လိုက်သေ ဆုံး
………………………………………………………………

မကွေး၊ အောက်တိုဘာ – ၃၀

မကွေးတိုင်းဒေသကြီး၊ တောင်တွင်ကြီးမြို့နယ်၊ ကန်လှကန်အုပ်စုညောင်ဝန်းကျေးရွာမှ အမျိုးသားတစ်ဦးသည် ချောင်းအတွင်း ငါးရှော့တိုက်ရာမှ ဓာတ်လိုက်သေဆုံးခဲ့သည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ (၂၉) ရက် နံနက် ၈ နာရီအချိန်ခန့်၌ ကန်လှကန်အုပ်စု ညောင်ဝန်းကျေးရွာ နေထိုင်သူ ဦး —-အသက်(၃၆)နှစ်ခန့်သည် ညောင်ဝန်းကျေးရွာမြောက်ဘက် (၁) ဖာလုံခန့်အကွာ၊ အကျယ် (၃) ပေ၊ အနက် (၂)ပေခွဲခန့်ရှိသော ရေချောင်းအတွင်း ငါးရှော့တိုက်နေရာမှ ရုတ်တရက်ဓါတ်လိုက်ကာ လဲကျသေဆုံးခဲ့သည်။

၎င်းသေဆုံးခဲ့ရခြင်းနှင့်ပတ်သက်၍ ဆတ်သွားနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ်၆/၂၀၁၉ ဖြင့် အမှု ရေးဖွင့်ထားပြီးရဲအုပ်ဝင်းဆန်းမှအမှုအားစစ်ဆေးဆောင်ရွက်လျှက်ရှိသည်။

#PeopleMedia #MagwayRegion


Share this post