• Follow Us on

Home ချောင်းဦးမြို့နယ်၊ အမြင်ရွာရှိ စာသင်ကျောင်းအနီး၌ လုပ်သေနတ်များတွေ့ရှိ၊ ဒေသခံ ၁၀ ယောက်ခန့် ဖမ်းဆီး ခံထားရ

ချောင်းဦးမြို့နယ်၊ အမြင်ရွာရှိ စာသင်ကျောင်းအနီး၌ လုပ်သေနတ်များတွေ့ရှိ၊ ဒေသခံ ၁၀ ယောက်ခန့် ဖမ်းဆီး ခံထားရ

Share this post

မုံရွာ၊ စက်တင်ဘာ ၆ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ အမြင်ကျေးရွာရှိ စာသင်ကျောင်းအနီး၌ စက်တင်ဘာ ၅ ရက်နေ့က လုပ်သေနတ်နှင့် ဆက်စပ်သည့် လက်နက်များကို တွေ့ရှိသိမ်းဆည်းနိုင်ခဲ့ပြီး ဒေသခံ (၁၀) ယောက်ခန့် ဖမ်း ဆီးခံထားရကြောင်း ဒေသခံအချို့က ပြောပါတယ်။

 

စာသင်ကျောင်းအနီး၌ ဝှတ်ထားသည့် လုပ်သေနတ် ၅၀ ခန့်နှင့် လုပ်သေနတ်ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ခဲယမ်းများ ပါဝင်ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်စပ်သူ ဒေသခံ ၁၀ ယောက်ခန့်ကို မေးမြန်းရန် ဖမ်းဆီးထားတယ်လို့ လုံခြုံရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

#PeopleMedia #ချောင်းဦးမြို့

 

(unicode)


……………………………………………………………

 


 


 


 


 



Share this post