• Follow Us on
Latest News

Home ချောင်းဦးမြို့နယ်၌ တောင်ယာလုပ်ငန်းလုပ်ကိုင်နေသည့် ပြည်သူ ၅ ဦးသည် အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် သေဆုံး

ချောင်းဦးမြို့နယ်၌ တောင်ယာလုပ်ငန်းလုပ်ကိုင်နေသည့် ပြည်သူ ၅ ဦးသည် အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် သေဆုံး

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ကင်းမွန်းတော်ကျေးရွာ၌ တောင်ယာလုပ်ငန်း လုပ်ကိုင်နေသည့် ပြည်သူ ၅ ဦးသည် အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပါတယ်။

 

ဖြစ်စဉ်မှာ အောက်တိုဘာ ၃၁ ရက်နေ့တွင် ချောင်းဦးမြို့ရှိ ကင်းမွန်းတော်ကျေးရွာရှိ ပဲစင်းငုံအခင်း၌ တောင်ယာလုပ်ငန်းလုပ်ကိုင်နေတဲ့ ပြည်သူ ၅ ဦးကို အကြမ်းဖက်သမားများက တူမီးသေနတ်များဖြင့် ပစ်ခတ်လုပ်ကြံခဲ့တာလည်းဖြစ်ပါတယ်။

 

“ဒလန်ဆိုပြီး သူတို့ကိုသတ်လိုက်တယ်လို့ သိရတယ်။ လင်မယားစုံတွဲ နှစ်ဦးနဲ့ အိမ်နီးနားချင်းတစ်ဦးနဲ့ဆိုရင် စုစုပေါင်း ၅ ဦးအသတ်ခံရတာ” လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

 

အလားတူပြီးခဲ့သည့်လက မုံရွာမြို့ရှိ ညောင်ပင်ဈေး(မြသလ္လာ)ဈေးတွင် ဈေးကောက်တစ်ဦးလုပ်ကြံခံရပြီး နောက် မုံရွာမြို့ စိုက်ပျိုးရေးတိုင်းရုံးခြံစည်ရိုး၌ မိုင်းပေါက်ကွဲရာ တောင်းရမ်းစားသောက်နေသည့် ကလေး နှစ်ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး တစ်ဦးမှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ပါတယ်။

 

Photo – Credit

 

#PeopleMedia #မုံရွာမြို့

 

(unicode)


………………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post