• Follow Us on
Latest News

Home ချောင်းဦးမြို့၌ စာသင်ကျောင်းကို မိုင်းလာထောင်သူတစ်ဦး မိုင်းကွဲပြီး ပွဲချင်းပြီး သေဆုံး

ချောင်းဦးမြို့၌ စာသင်ကျောင်းကို မိုင်းလာထောင်သူတစ်ဦး မိုင်းကွဲပြီး ပွဲချင်းပြီး သေဆုံး

Share this post

မုံရွာ၊ နိုဝင်ဘာ ၁ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၊ ကုတိုးကုန်းရပ် အ-မ-က (၁) ကျောင်းကို အောက်တိုဘာ ၃၁ ရက်နေ့ညပိုင်းက မိုင်းလာထောင်သည့် အမျိုးသားတစ်ဦးသည် မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပေါ်ပြီး ပွဲချင်း ပြီး သေဆုံးသွားပါတယ်။

 

အဆိုပါ ပေါက်ကွဲမှုကြောင့် မိုင်းလာရောက်ထောင်သူအမျိုးသား၏ ခန္ဓာကိုယ်အစိတ်အပိုင်းသည် အစိတ် စိတ်အမွှာမွှာ ဖြစ်ပေါ်ခဲ့ပြီး ကျောင်းရှိ ပစ္စည်းတချို့လည်း ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။

 

“ဖြစ်စဉ်ဖြစ်တာကတော့ ဟုတ်ပါတယ်။ အမျိုးသားတစ်ဦးသေဆုံးတယ်လို့လည်း သိရပါတယ်။ ကျွန်တော်တို့ ကြားတာကတော့ မိုင်းလာထောင်ရင်းနဲ့ မိုင်းပေါက်တာလို့ပဲ သိရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

 

ယင်းဖြစ်စဉ်နှင့် အလားတူ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့ရှိ ကျောင်းတစ်ကျောင်းအား မိုင်းလာထောင်လာ သည့် အမျိုးသားတစ်ဦးသည်လည်း မိုင်းထောင်နေစဉ်ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးခဲ့ကြောင်းလည်း သိရပါ တယ်။

 

#PeopleMedia #ကျောင်း #မိုင်းပေါက်ကွဲမှု

 

(unicode)


……………………………………………………

 


 


 


 


 


 



Share this post