• Follow Us on

Home ချောင်းဦးမြို့နယ်၊ သုံးပန်လှရွာရှိ လူငယ်မေတ္တာရှာဖွေကယ်ဆယ်ရေးအသင်း၏ ယာဉ်တစ်စီး လူနာသွားရောက် ခေါ်ယူစဉ် လမ်းခရီး၌ ပျောက်ဆုံးနေ

ချောင်းဦးမြို့နယ်၊ သုံးပန်လှရွာရှိ လူငယ်မေတ္တာရှာဖွေကယ်ဆယ်ရေးအသင်း၏ ယာဉ်တစ်စီး လူနာသွားရောက် ခေါ်ယူစဉ် လမ်းခရီး၌ ပျောက်ဆုံးနေ

Share this post

စစ်ကိုင်း၊ ဇန်နဝါရီ ၂၀ (People Media)

 

ဇန်နဝါရီလ ၁၇ ရက်နေ့၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှရွာရှိ လူငယ်မေတ္တာရှာဖွေကယ်ဆယ်ရေးအသင်း၏ ယာဉ်တစ်စီးသည် မြင်းမူမြို့ရှိ လူနာသွားရောက်ခေါ်ဆောင်စဉ် လမ်းခရီး၌ အသင်း၏ဥက္ကဋ္ဌ၊ အသင်းဝင်တစ်ဦး၊ အသင်းပိုင်ယာဉ်တို့သည် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ လူမှုရေးယာဉ်ကို မောင်းနှင်ခဲ့သည့် အသင်းဥက္ကဋ္ဌဖြစ်သူနှင့် အသင်းဝင်တစ်ဦးတို့သည် ဇန်နဝါရီ ၁၇ ရက်နေ့မှ ယနေ့ ဇန်နဝါရီ ၂၀ ရက်နေ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေခြင်းဖြစ်သည်။

 

အဆိုပါဖြစ်စဉ်အပေါ် People Media က လူငယ်မေတ္တာရှာဖွေကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာ “မြင်းမူမြို့ဆေးရုံမှာ လူနာသွားကြိုရင်းနဲ့ ပါသွားတာ။ ဘယ်အဖွဲ့အစည်းက ခေါ်သွားလဲ တော့ တိကျတဲ့အဖြေတော့ မသိပါဘူး။ တနင်္လာနေ့ နံနက်ပိုင်းက ထွက်သွားပြီး ပျောက်သွားတာ။ အခုအချိန်ထိ ဘာသတင်းအစအနမှ အကြားရသေးဘူး။ သူတို့ဘက်က ဆက်သွယ်ဖို့ကိုပဲ မျှော်လင့်နေတာ” လို့ ပြောသည်။

 

လူငယ်မေတ္တာရှာဖွေကယ်ဆယ်ရေးအသင်းကို ချောင်းဦးမြို့နယ်၊ သုံးပန်လှရွာ၌ တည်ထောင်ခဲ့ပြီး လူမှုကူညီ ရေးလုပ်ငန်းဆောင်ရွက်နေသည်မှာ ၆ နှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

 

#PeopleMedia #ချောင်းဦးမြို့ #လူမှုကူညီရေးယာဉ်

 

(unicode)


…………………………………………………………

 


 


 


 


 


 



Share this post