• Follow Us on

Home ချောင်းဦးမြို့နယ်၊ ကျောက်ဆစ်ကန်၊ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူသည် ဓားဖြင့်ခုတ်သတ်ခံရ၍ သေဆုံး

ချောင်းဦးမြို့နယ်၊ ကျောက်ဆစ်ကန်၊ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူသည် ဓားဖြင့်ခုတ်သတ်ခံရ၍ သေဆုံး

Share this post

မုံရွာ၊ စက်တင်ဘာ ၂၅ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကျောက်ဆစ်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဓားဖြင့်ခုတ် သတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

 

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်၌ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဇော်မြင့်၏ အလောင်းကို ဓါးဒဏ်ရာများဖြင့် ရွာအနီးရှိ ယာခင်းတောစပ်၌ တွေ့ရှိခဲ့သည်။ အဆိုပါ သေဆုံးသူ ခန္ဓာ ကိုယ်တစ်ခုလုံး၌ ဓားခုတ်ရာများ၊ ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိရကြောင်း သိရှိရသည်။

 

အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သည် ပြည်ခိုင်ဖြိုးပါတီ၏ ကျေးရွာစည်းရုံးရေးမှူးတစ်ဦးဖြစ်ပြီး မည်သည့်အဖွဲ့အစည်း မှ လုပ်ကြံသတ်ဖြတ်သည်ကို မသိရှိရသေးပေ။

 

ထို့အပြင် ပြီးခဲ့သည့်ရက်ပိုင်းတွင်လည်း ချောင်းဦးမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ၏ စည်းရုံးရေးမှူးဖြစ်သူ အသက် ၂၆ နှစ်အရွယ်ရှိ မနှင်းထက်ဝေဆိုသည့် အမျိုးသမီးငယ်တစ်ဦးလည်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး စစ် ကိုင်းတိုင်းဒေသကြီးအတွင်း အုပ်ချုပ်ရေးမှူးများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တပ်မတော်ထောက်ခံသူများ အများအပြား သတ်ဖြတ်ခံရလျက်ရှိသည်။

 

အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် စက်တင် ဘာ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး နုတ်ထွက်ကြရန် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) မှ စက်တင်ဘာ ၂၄ ရက်နေ့တွင် သတိပေးစာထုတ်ပြန်ကြေညာခဲ့သည်။

 

#PeopleMedia #စစ်ကိုင်း #ချောင်းဦး #အုပ်ချုပ်ရေးမှူး

 

(unicode)


………………………………………………………..

 


 


 


 


 


 


 



Share this post