• Follow Us on

Home ချောင်းဦးမြို့နယ်၌ ကျောင်းအုပ်ဆရာမလင်မယား (၂) ဦးသည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဆိုင်ကယ်နှင့် တန်ဖိုးရှိ ပစ္စည်းများ ယူဆောင်ခြင်းခံရ

ချောင်းဦးမြို့နယ်၌ ကျောင်းအုပ်ဆရာမလင်မယား (၂) ဦးသည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဆိုင်ကယ်နှင့် တန်ဖိုးရှိ ပစ္စည်းများ ယူဆောင်ခြင်းခံရ

Share this post

မုံရွာ၊ ဒီဇင်ဘာ ၁၄ (People Media)

 

ဒီဇင်ဘာ ၁၂ ရက်နေ့ ညဦးပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ သန်းပင်ကန်ကျေးရွာ  အ-မ-က စာသင်ကျောင်းဝန်းအတွင်း၌ နေထိုင်သည့် ကျောင်းအုပ်ဆရာမ လင်မယား (၂) ဦးကို လူတစ်စုက သေနတ်ဖြင့် ပစ်ခတ်ပြီး ၎င်းတို့၏ ဆိုင်ကယ်နှင့် တန်ဖိုးရှိ ပစ္စည်းများ ယူဆောင်ခြင်းခံရကြောင်း ဒေသခံများထံ က သိရပါတယ်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညဦးပိုင်း၌ ကျောင်းအုပ်ဆရာမနှင့် ၎င်း၏အမျိုးသားတို့သည်  နေအိမ်လိုင်း ခန်းရှေ့မှာ ထိုင်နေတဲ့အချိန် အမည်မသိသူ လူတစ်စုက ကျောင်းအုတ်တံတိုင်းကို ကျော်ဝင်လာပြီး ကျောင်း အုပ် ဆရာမနဲ့ သူရဲ့ အမျိုးသားတို့ကို သေနတ်ပစ်ခဲ့ပါတယ်။

 

ထို့နောက် သေနတ်သမားများက ကျောင်းအုပ်ဆရာမနှင့်၎င်း၏ အမျိုးသား ပိုင်ဆိုင်သည့် ဆိုင်ကယ်၊ ဖုန်း အပါအဝင် ပစ္စည်းတစ်ချို့တို့ကို ယူဆောင်သွားတယ်လို့ သိရပါတယ်။

 

“လူလေးငါးယောက်က ကျောင်းအုတ်တံတိုင်းကိုကျော်ဝင်လာပြီး၊ ဆရာနဲ့ သူယောကျာၤးကို သေနတ်နဲ့ပစ်တာ။ ဆရာမ ယောကျာၤး ကျည်ဆံထိမှန် ဒဏ်ရာ ၃ ချက်ရတယ်။ ဆရာမကတော့ ထိခိုက်တာမရှိဘူး။  နောက်ပြီး ဆရာမရဲ့ ပစ္စည်းတွေကို သေနတ်သမားတွေက လုယူသွားတာ။ ဆိုင်ကယ်တို့ ဖုန်းတွေတို့တော့ ပါသွားတယ်။ ကျန်ပစ္စည်း ဘာတွေပါသွားသေးလည်းဆိုတာ စာရင်းလုပ်နေတုန်း” လို့ သန်းပင်ကန်ရွာခံတစ်ယောက်က ပြော ပါတယ်။

 

ကျည်ဆံထိမှန်ပြီး ဒဏ်ရာရရှိခဲ့တဲ့ ကျောင်းအုပ်ဆရာမ အမျိုးသားကို အချိန်မီ ဆေးကုနိုင်ဖို့အတွက် နယ်ခံ လူမှုကူညီရေးအဖွဲ့တွေက ချောင်းဦးဆေးရုံက တဆင့် မုံရွာဆေးရုံကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါ တယ်။

 

Photo – Credit

 

သွန်းသွန်း

 

#PeopleMedia #ပညာရေး

 

(unicode)


………………………………………………………

 


 


 


 


 


 


 

Photo – Credit

 


 



Share this post