• Follow Us on

Home ချောင်းဦးမြို့နယ်၌ တောင်ယာလုပ်ငန်းလုပ်ကိုင်သည့် အမျိုးသမီးတစ်ဦးကို ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်

ချောင်းဦးမြို့နယ်၌ တောင်ယာလုပ်ငန်းလုပ်ကိုင်သည့် အမျိုးသမီးတစ်ဦးကို ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်

Share this post

စစ်ကိုင်း၊ မတ် ၁

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကုလားကြီးကျေးရွာတွင် တောင်ယာလုပ်ငန်းလုပ်ကိုင်သည့် အမျိုးသမီး တစ်ဦးကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဒလန်ဟုစွပ်စွဲကာ PDF အဖွဲ့က သတ်ဖြတ်လိုက်သည်။

 

သေဆုံးသူမှာ ကုလားကြီးကျေးရွာအုပ်စု၊ ကုလားကြီးကျေးရွာတွင် နေထိုင်သူ ဒေါ်စောဝင်းသည် ဖေဖော်ဝါရီ ၂၈ ရက်နေ့က ၎င်းပိုင်ယာခင်းအတွင်း တောင်ယာလုပ်ငန်းလုပ်ကိုင်ရန် သွားရောက်ပြီးနောက် ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

 

ထို့နောက် ဒေါ်စောဝင်းပျောက်ဆုံးမှုအပေါ် မိသားစုဝင်များက လိုက်လံရှာဖွေရာတွင် တောင်ယာခင်းအနီး၌ သေဆုံးလျက်ဖြင့် ရှာဖွေတွေရှိခဲ့ခြင်းဖြစ်သည်။

 

“အခုသိရတာကတော့ ကုလားကြီးကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဆွေမျိုးတော်စပ်တယ်ဆိုပြီးတော့ ဒလန်လို့ စွပ်စွဲပြီးတော့ အသတ်ခံရတာ။ အမှန်က ဆွေမျိုးတော်စပ်တယ်ဆိုတာမှန်ပေမယ့် ဒေါ်စောဝင်းက အေးအေး ဆေးဆေးနေတက်ပြီးတော့ ရိုးရိုးသားသား လုပ်ကိုင်ရှာဖွေစားသောက်နေသူတစ်ယောက်ပါ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

 

အဆိုပါ တောင်ယာလုပ်ငန်းလုပ်ကိုင်သည့် ဒေါ်စောဝင်းအား လုပ်ကြံသတ်ဖြတ်သူများမှာ ဗိုလ်တောက်ပနှင့် အဖွဲ့သားများမှဖြစ်ကြောင်း ၎င်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

 

#PeopleMedia #ချောင်းဦး #တောင်ယာလုပ်ငန်းလုပ်ကိုင်သူ #လုပ်ကြံသတ်ဖြတ်မှု

 

(unicode)


……………………………….

 


 


 


 


 


 


 



Share this post