• Follow Us on
Latest News

Home ဂျော်ဒန်နှင့် အီဂျစ်နိုင်ငံတို့ပါဝင်သော စစ်ရေးလေ့ကျင့်မှုကို ဆော်ဒီအာရေးဗီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ

ဂျော်ဒန်နှင့် အီဂျစ်နိုင်ငံတို့ပါဝင်သော စစ်ရေးလေ့ကျင့်မှုကို ဆော်ဒီအာရေးဗီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၀ (People Media)

 

တော်ဝင်ဆော်ဒီရေတပ်ဖွဲ့သည် ဂျော်ဒန်နိုင်ငံနှင့် ပဉ္စအကြိမ်မြောက်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စတင်ဆောင်ရွက် နေကြောင်း ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

ဇန်နဝါရီလ ၁၃ ရက်နေ့အထိ ကျင်းပမည့် “Safe-Beach 5” ဟု အမည်ပေးထားသော စစ်ရေးလေ့ကျင့်မှုကို ဆော်ဒီအာရေးဗီးယားနိုင်ငံ အရှေ့ပိုင်းရေတပ်အုပ်စုနှင့်အတူ ပူးတွဲဆောင်ရွက်လျက်ရှိသည်။

 

စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်သောတပ်ဖွဲ့များ၏ တိုက်ပွဲဝင်အသင့်ဖြစ်မှုနှင့် တိုက်ခိုက်ရေးစွမ်းရည်တို့ကို မြှင့်တင် ရန်၊ နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ တပ်များစုစည်းထားသည့်နယ်မြေအတွင်း တိုက်ခိုက်ရေးကျွမ်းကျင်မှုချင်း ဖလှယ်ရန် ရည်ရွယ်ချက်ဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်သည့် တော်ဝင်ဆော်ဒီရေတပ်ဖွဲ့အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး အလီ အယ်လ်ရှာရီက ပြောသည်။

 

လေ့ကျင့်မှုတွင်ပါဝင်သောတပ်ဖွဲ့များအားလုံး သတ်မှတ်ထားသောပစ်မှတ်များကို အောင်မြင်စွာတိုက်ခိုက်ချေ မှုန်းနိုင်ရန်အတွက် မြင့်မားလှသောကျွမ်းကျင်မှုများနှင့်အတူ စစ်ရေးလေ့ကျင့်မှုတွင် ပေါင်းစပ်ညှိနှိုင်းခြင်း၊ ပူး ပေါင်းဆောင်ရွက်ခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ၎င်းကပြောသည်။

 

ဆော်ဒီအာရေးဗီးယားတပ်မတော်နှင့် ဂျော်ဒန်တပ်မတော်တို့ကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင် ရန် ပူးတွဲမဟာဗျူဟာတစ်ရပ်၏ အစိတ်အပိုင်းအဖြစ် စစ်ရေးလေ့ကျင့်မှုများကိုဆောင်ရွက်နေခြင်းဖြစ်ကြောင်း စစ်ရေးလေ့ကျင့်မှုညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးခါလစ်အယ်လ်ဘာလာဝီက ပြောသည်။

 

ကျွမ်းကျင်မှုများကိုဖလှယ်ရာတွင် အရေးကြီးသော သင်တန်းနှင့် စစ်ရေးသဘောတရားများပေါင်းစပ်ခြင်းတို့ ပါ ဝင်သည့် သဘောတရားနှင့် လက်တွေ့ပေါင်းစပ်ထားသော စစ်ရေးလေ့ကျင့်မှုများကို လေ့ကျင့်ခန်းတလျှောက် တွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

 

တစ်ချိန်တည်းမှာပင် တော်ဝင်ဆော်ဒီကြည်းတပ်ဖွဲ့ဝင်များသည် အီဂျစ်ကြည်းတပ်ဖွဲ့ဝင်များနှင့်အတူ နိုင်ငံ၏ အရှေ့မြောက်ဘက်တွင် ကြာသာပတေးနေ့က ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ကြောင်း ဆော်ဒီကာကွယ် ရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာခဲ့သည်။

 

“Tabuk-5” ဟု အမည်ပေးထားသော ယင်းစစ်ရေးလေ့ကျင့်မှုမှာ ဆော်ဒီအာရေးဗီးယားနှင့် အီဂျစ်နိုင်ငံတို့ကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ရည်ရွယ်ထားသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအစီအစဉ်များထဲမှ အစီ အစဉ်တစ်ခုဖြစ်သည်။

 

Ref: Saudi Arabia Hosts Joint Military Drills With Jordan, Egypt

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Saudi Arabia Hosts Joint Military Drills With Jordan, Egypt

 

#PeopleMedia


Share this post