• Follow Us on

Home ငွေမည်းများဖြင့် အကြီးအကျယ်လိမ်လည်မှုများကို ထောက်ပံ့သည်ဟုဆိုကာ ဖေ့စ်ဘွတ်ကုမ္ပဏီတည်ထောင်သူကို ရွေးကောက်ပွဲဖြောင့်မတ်မှုရှိရေးစောင့်ကြည့်အဖွဲ့က တရားစွဲရန်စီစဉ်နေ


Share this post

နယူးယောက်၊ ဒီဇင်ဘာ ၁၈

 

၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် လိမ်လည်မှုများအကြီးအကျယ်ဖြစ်စေသည့်ဂေဟစနစ်တခုအတွင်းသို့ ဖေ့စ်ဘွတ်ကုမ္ပဏီတည်ထောင်သူနှင့်အမှုဆောင်အရာရှိချုပ် မာ့က် ဇက်ကာဘာ့ဂ်ျက ငွေကြေးများထည့်ပေးခဲ့ကြောင်း ရွေးကောက်ပွဲဖြောင့်မတ်မှန်ကန်မှုရှိစေရေးစောင့်ကြည့်အဖွဲ့ အမီစတတ်ပရောဂျက် (Amistad Project) က စွပ်စွဲပြီး တရားစွဲရန်စီစဉ်နေသည်။

 

အဖွဲ့၏အစီရင်ခံစာတရပ်အပေါ်အခြေခံပြီး တရားစွဲဆိုခြင်းတွင် ဒီမိုကရတ်ပါတီ၏ရွေးကောက်ခံသမ္မတ ဂျိုး ဘိုင်ဒန် ပွတ်ကာသီကာအနိုင်ရခဲ့သည်ပြည်နယ်များတွင် တရားမ၀င်အသုံးပြုရန် ငွေမည်းဒေါ်လာ သန်း ၅၀၀ ကို ဇက်ကာဘာ့ဂ်ျက အသုံးပြုခဲ့သည်ဟုထွက်ဆိုမည်ဖြစ်ကြောင်း အမီစတက်ပရောဂျက်၏ မီဒီယာဆက်ဆံရေးကိုတာဝန်ယူသော ထရမ့်စည်းရုံးရေးအကြံပေး မာ့က် ဆန်ရန်နိုကပြောသည်။

 


 

ရွေးကောက်ပွဲရလဒ်များကိုတရားနည်းလမ်းမကျဘဲလွှမ်းမိုးနိုင်ရန် ကိုယ်ပိုင်ငွေများကို ဇက်ကာဘာ့ဂ်ျက သုံးစွဲခဲ့ကြောင်း အသားပေးဖော်ပြထားသည့် အမီစတက်၏အစီရင်ခံစာထုတ်ပြန်ခဲ့ခြင်းနှင့် တရားစွဲဆိုမှုတို့တိုက်ဆိုင်နေသည်။

 

ဇက်ကာဘာ့ဂ်ျသည် ကိုယ်ပိုင်ငွေအမြောက်အမြားကို အစိုးရအရာရှိများကိုလော်ဘီလုပ်ပေးသည့် ပရဟိတလုပ်ငန်းများနှင့် အကျိုးအမြတ်မယူသည့်အဖွဲ့အစည်းများထံ ထုတ်ပေးခဲ့ကြောင်း အမီစတက်စီမံကိန်းဒါရိုက်တာ ဖီလ် ကလိုင်းကပြောသည်။

 

ဇက်ကာဘာ့ဂ်ျနှင့်အခြားသူများ၏ဒေါ်လာသန်းရာချီထည့်သွင်းမှုသည် နိုင်ငံ၏ရွေးကောက်ပွဲဥပဒေများကို ချိုးဖောက်နေ သည်ဟုလည်းပြောသည်။

 


 


 

#PeopleMedia

 

(unicode)

ငွေမည်းများဖြင့် အကြီးအကျယ်လိမ်လည်မှုများကို ထောက်ပံ့သည်ဟုဆိုကာ ဖေ့စ်ဘွတ်ကုမ္ပဏီတည်ထောင်သူကို ရွေးကောက်ပွဲဖြောင့်မတ်မှုရှိရေးစောင့်ကြည့်အဖွဲ့က တရားစွဲရန်စီစဉ်နေ
…………………………………………….

နယူးယောက်၊ ဒီဇင်ဘာ ၁၈

၂၀၂၀ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် လိမ်လည်မှုများအကြီးအကျယ်ဖြစ်စေသည့်ဂေဟစနစ်တခုအတွင်းသို့ ဖေ့စ်ဘွတ်ကုမ္ပဏီတည်ထောင်သူနှင့်အမှုဆောင်အရာရှိချုပ် မာ့က် ဇက်ကာဘာ့ဂျ်က ငွေကြေးများထည့်ပေးခဲ့ကြောင်း ရွေးကောက်ပွဲဖြောင့်မတ်မှန်ကန်မှုရှိစေရေးစောင့်ကြည့်အဖွဲ့ အမီစတတ်ပရောဂျက် (Amistad Project) က စွပ်စွဲပြီး တရားစွဲရန်စီစဉ်နေသည်။

အဖွဲ့၏အစီရင်ခံစာတရပ်အပေါ်အခြေခံပြီး တရားစွဲဆိုခြင်းတွင် ဒီမိုကရတ်ပါတီ၏ရွေးကောက်ခံသမ္မတ ဂျိုး ဘိုင်ဒန် ပွတ်ကာသီကာအနိုင်ရခဲ့သည်ပြည်နယ်များတွင် တရားမဝင်အသုံးပြုရန် ငွေမည်းဒေါ်လာ သန်း ၅၀၀ ကို ဇက်ကာဘာ့ဂျ်က အသုံးပြုခဲ့သည်ဟုထွက်ဆိုမည်ဖြစ်ကြောင်း အမီစတက်ပရောဂျက်၏ မီဒီယာဆက်ဆံရေးကိုတာဝန်ယူသော ထရမ့်စည်းရုံးရေးအကြံပေး မာ့က် ဆန်ရန်နိုကပြောသည်။

ကြာသပတေးနေ့တွင် ကိုလံဘီယာခရိုင်တရားရုံးထံတွင် တရားစွဲဆိုခဲ့ပြီး ဝစ္စကိုဆင်၊ ပန်ဆယ်ဗေးနီးယား၊ မစ်ချီဂန်၊ အရီဇိုးနားနှင့် ဂျော်ဂျီယာပြည်နယ်တို့တွင်ဖြစ်ခဲ့သည့် ရွေးကောက်ပွဲတရားမျှတမှုမရှိခြင်းများကို ခြုံငုံမိမည်ဖြစ်သည်။

ရွေးကောက်ပွဲရလဒ်များကိုတရားနည်းလမ်းမကျဘဲလွှမ်းမိုးနိုင်ရန် ကိုယ်ပိုင်ငွေများကို ဇက်ကာဘာ့ဂျ်က သုံးစွဲခဲ့ကြောင်း အသားပေးဖော်ပြထားသည့် အမီစတက်၏အစီရင်ခံစာထုတ်ပြန်ခဲ့ခြင်းနှင့် တရားစွဲဆိုမှုတို့တိုက်ဆိုင်နေသည်။

ဇက်ကာဘာ့ဂျ်သည် ကိုယ်ပိုင်ငွေအမြောက်အမြားကို အစိုးရအရာရှိများကိုလော်ဘီလုပ်ပေးသည့် ပရဟိတလုပ်ငန်းများနှင့် အကျိုးအမြတ်မယူသည့်အဖွဲ့အစည်းများထံ ထုတ်ပေးခဲ့ကြောင်း အမီစတက်စီမံကိန်းဒါရိုက်တာ ဖီလ် ကလိုင်းကပြောသည်။

ဇက်ကာဘာ့ဂျ်နှင့်အခြားသူများ၏ဒေါ်လာသန်းရာချီထည့်သွင်းမှုသည် နိုင်ငံ၏ရွေးကောက်ပွဲဥပဒေများကို ချိုးဖောက်နေ သည်ဟုလည်းပြောသည်။

အမီစတက်အဖွဲ့သည် မဲလိမ်မှုများနှင့်မသမာမှုများရှိနေသည်ဟုစွပ်စွဲသည့် တရားစွဲဆိုမှုအများအပြားတွင်ပါဝင်နေသည်။ တနင်္လာနေ့တွင် ဘိုင်ဒန်ကို သမ္မတအဖြစ်ရွေးကောက်ခံရသည်ဟု အမေရိကန်ရွေးကောက်ပွဲကြီးကြပ်ရေးအဖွဲ့က ကြေညာခဲ့သော်လည်း ဒီမိုကရတ်ရွေးကောက်ခံ၏အောင်ပွဲသည် အကြီးအကျယ်မဲလိမ်မှုများရှိနေသဖြင့် တရားမဝင်ဟု သမ္မတ ဒေါ်နယ် ထရမ့်နှင့် မိတ်ဖက်များက ဆက်လက်ငြင်းဆိုသည်။

Ref : Election integrity watchdog to sue Facebook’s Zuckerberg for using ‘dark money’ to fund ‘massive’ fraud

#PeopleMedia


Share this post