• Follow Us on

Home ငွေကြေးစနစ် ပြိုလဲခြင်း၊ နေထိုင်မှုအခြေအနေများ ဆိုးရွားလာခြင်းကြောင့် လက်ဘနွန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြပွဲ များ ဖြစ်ပွား  

ငွေကြေးစနစ် ပြိုလဲခြင်း၊ နေထိုင်မှုအခြေအနေများ ဆိုးရွားလာခြင်းကြောင့် လက်ဘနွန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြပွဲ များ ဖြစ်ပွား  

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၃၀ (People Media)

 

ပြည်တွင်းငွေကြေးစနစ် ပြိုလဲခြင်းနှင့် နေထိုင်မှုအခြေအနေများ ပိုမိုဆိုးရွားခြင်းတို့ကို ဆန့်ကျင်သည်အနေဖြင့် လက်ဘနွန်နိုင်ငံတစ်ဝှမ်း နိုဝင်ဘာ ၂၉ ရက်တွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ကြောင်း National News Agency က ဖော်ပြခဲ့သည်။

 

ဆန္ဒပြသူများသည် စွန့်ပစ်ကွန်တိန်နာများ ၊ ကားတာယာများအား မီးရှို့ခြင်းများနှင့်အတူ လက်ဘနွန် တောင်ကုန်းနှင့် မြို့တော်ဘေရွတ်၊ ထရီပိုလီ၊ ဆီဒုန်၊ ဇလဲမြို့ရှိ လမ်းများအား ပိတ်ဆို့ခဲ့ပြီး ပြည်သူများအား လုပ်ငန်းခွင်သို့ သွားရောက်ခြင်း မပြုရန် တားမြစ်ခြင်း ၊ စာသင်ကျောင်းအချို့အား ပိတ်ပင်ရန် တိုက်တွန်းနှိုး ဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများသည် ငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာလျှင် တရားဝင်နှုန်းထားဟောင်း လက်ဘနွန်ငွေကြေး ၁,၅၀၀ ပေါင် မှ ၂၅,၀၀၀ ပေါင်အထိ မြင့်တက်သွားခြင်းကြောင့် ပြည်တွင်းငွေကြေးစနစ် ပြိုလဲသွားရာမှ စတင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

 

တက်ကြွလှုပ်ရှားသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများက နိုင်ငံသားများအား ဆန္ဒပြမှုများတွင် ပူးပေါင်းကြရန် တောင်းဆိုသည့် သတင်းစကားများအား လူမှုမီဒီယာပေါ်တွင် ယမန်နေ့က ဖြန့်ဝေအသိပေးခဲ့ကြကြောင်း သိရ သည်။

 

လက်ဘနွန်နိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် အလုပ်လက်မဲ့နှုန်း ၄၀ ရာခိုင်နှုန်းအထက် မြင့်တက်လာမည်ဟု မှန်း ထားပြီး ဆင်းရဲနွမ်းပါးမှုနှုန်းမှာ လည်း ပျမ်းမျှ ၇၈ ရာခိုင်နှုန်း ရှိမည်ဟု ကုလသမဂ္ဂ၏ ခန့်မှန်းချက်နှင့်အတူ နိုင်ငံသမိုင်းတွင် အဆိုးရွားဆုံး ဘဏ္ဍာရေးအကြပ်အတည်းအောက်တွင် ရုန်းကန်နေရကြောင်း သိရသည်။

 

လက်ဘနွန်နိုင်ငံသည် အကြီးအကျယ်ထိခိုက်ပျက်စီးနေသော စီးပွားရေးအား ကယ်ဆယ်ရန် ရန်ပုံငွေများတွင် ဒေါ်လာဘီလီယံများစွာ ဖြည့်ဆည်းရေး မျှော်လင့်ကာ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့နှင့်အတူ ဆွေး နွေးမှုများ စတင်ခဲ့ကြောင်း သိရသည်။

 

(Xinhua)

 

#PeopleMedia #နိုင်ငံတကာ

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 

(Xinhua)

 



Share this post