• Follow Us on

Home ဆော်ဒီကာကွယ်ရေးမြှင့်တင်ရန် အမေရိကန်တပ်ဖွဲ့ဝင်များစေလွှတ်

ဆော်ဒီကာကွယ်ရေးမြှင့်တင်ရန် အမေရိကန်တပ်ဖွဲ့ဝင်များစေလွှတ်

Share this post

ဆော်ဒီအာရေဗျနိုင်ငံရဲ့ လေကြောင်းကာကွယ်ရေးကို မြှင့်တင်ဖို့အတွက် အမေရိကန်တပ်ဖွဲ့ဝင်တွေစေလွှတ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၂၀ ရက်နေ့မှာ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

အခုလို စေလွှတ်မှုမှာ တပ်ဖွဲ့ဝင်အရေအတွက် အသင့်အတင့်သာဖြစ်ပြီး ထောင်နဲ့ချီတဲ့ အရေအတွက် မဟုတ်ဘူးလို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

ကနဦး ပင်တဂွန်စစ်ဌာနချုပ်အနေနဲ့ မစ်ဇိုင်းဖျက်ဒရုန်းတွေနဲ့ တိုက်လေယာဉ်တွေေ စလွှတ်ဖို့ စဉ်းစားနေကြောင်း ရိုက်တာသတင်းဌာနကဖော်ပြခဲ့ပါတယ်။

ကာကွယ်ရေးမြှင့်တင်ဖို့ ဆော်ဒီသာမက မဟာမိတ် ယူအေအီးနိုင်ငံကိုလည်း စစ်လက်နက်တွေထပ်မံတိုးမြှင့်ချထားဖို့ ဆောင်ရွက်နေတယ်လို့ အမေရိကန်ကာကွယ် ရေးဝန်ကြီး မတ်ခ် အက်စ်ပါက ပြောပါတယ်။

အခုလို စစ်လက်နက်ထောက်ပံ့ကို ယူအေအီးနိုင်ငံက တောင်းဆိုခဲ့တာလို့လည်း အက်စ်ပါက ပြောပါတယ်။

Ref; Reuters


Share this post