• Follow Us on
Latest News

Home ေဆာ္ဒီအစိုးရပိုင္ေရနံကုမၸဏီက အနာဂတ္တြင္ေငြေခ်းစာခ်ဳပ္မ်ားကို ယြမ္ေငြျဖင့္ျပဳလုပ္ရန္စီစဥ္ေန

ေဆာ္ဒီအစိုးရပိုင္ေရနံကုမၸဏီက အနာဂတ္တြင္ေငြေခ်းစာခ်ဳပ္မ်ားကို ယြမ္ေငြျဖင့္ျပဳလုပ္ရန္စီစဥ္ေန

Share this post

ဒူဘိုင္း၊ ႏို၀င္ဘာ ၂၀

ေဆာ္ဒီအစိုးရပိုင္ ေဆာ္ဒီအာရမ္ကို ေရနံကုမၸဏီက အေရးပါေသာ ေငြေခ်းစာခ်ဳပ္မ်ားကို တရုတ္ယြမ္ေငြျဖင့္ ခ်ိတ္ဆက္ထားႏိုင္ေျခရွိၿပီး ေဒၚလာေငြလႊမ္းမိုးေသာအစဥ္အလာကိုေဖာက္ထြက္ရန္ျပင္ဆင္ေနသည္။

ကမၻာ့အႀကီးဆုံးေရနံကုမၸဏီ၏ယခုလအတြင္းသတင္းထုတ္ျပန္ခ်က္အရ ယြမ္ေငြမ်ားကို ေငြေခ်းစာခ်ဳပ္အစီ အစဥ္တြင္ သံုးစြဲနိုင္သည္ဟုဆိုေသာ္လည္း ပမာဏ၊ အခ်ိန္တို႔ကို အေသးစိတ္ေဖာ္ျပျခင္းမရွိေခ်။

ေရနံေရာင္း၀ယ္ၾကရာတြင္ ေဒၚလာေငြျဖင့္ ေနသားတက်ရွိၿပီး ေရနံထုတ္လုပ္သည့္နိုင္ငံမ်ားသည္ ကိုယ္ပိုင္ ေငြေၾကးမ်ားကို ေဒၚလာျဖင့္ေနာက္ခံထားေလ့ရွိသည္။

တ႐ုတ္ႏိုင္ငံကလည္း နိုင္ငံတကာတြင္ယြမ္ေငြအသုံးျပဳမႈ ႁမွင့္တင္ရန္ႀကိဳးပမ္းေနသည္။

ယြမ္ေငြေခ်းစာခ်ဳပ္မ်ားႏွင့္ပတ္သက္၍ အာရမ္ကို၏အာမခံမႈမွာ ေငြေၾကးသံုးစြဲမႈပမာဏကို သိသိသာသာ တိုးျမႇင့္ေစနိုင္ၿပီး ကုမၸဏီအမ်ားစုပိုင္ဆိုင္ေသာ အာရမ္ကိုႏွင့္ေဆာ္ဒီအစိုးရ၏ ဘ႑ာေငြေၾကးအျမင္ကြဲျပားမႈကို ေပၚလြင္ေနသည္။

အဂၤါေန႔တြင္ အာရမ္ကိုသည္ ၂၀၁၉ ခုႏွစ္ကတည္းထုတ္ေပးခဲ့ေသာ အေမရိကန္ေဒၚလာျဖစ္ႏိုင္ေခ်႐ွိသည့္ ပထမဆံုးႏိုင္ငံျခားသုံးေငြေခ်းစာခ်ဳပ္တန္ဖိုးမ်ားကို ေဒၚလာသန္း ၈၀၀၀ အထိျမႇင့္တင္ခဲ့သည္။

ေစ်းကစားသူမ်ားကမူ ကုမၸဏီ၏ေဖာင္းပြလ်က္ရွိေသာအေႂကြးမ်ားႏွင့္ပတ္သက္၍ စိုးရိမ္ပူပန္မႈေၾကာင္း ေျပာေနသည္။

Ref : Saudi Aramco hints at future yuan bonds in potential coup for China

#PeopleMedia

(unicode)
ဆော်ဒီအစိုးရပိုင်ရေနံကုမ္ပဏီက အနာဂတ်တွင်ငွေချေးစာချုပ်များကို ယွမ်ငွေဖြင့်ပြုလုပ်ရန်စီစဉ်နေ
…………………………………………………………

ဒူဘိုင်း၊ နိုဝင်ဘာ ၂၀

ဆော်ဒီအစိုးရပိုင် ဆော်ဒီအာရမ်ကို ရေနံကုမ္ပဏီက အရေးပါသော ငွေချေးစာချုပ်များကို တရုတ်ယွမ်ငွေဖြင့် ချိတ်ဆက်ထားနိုင်ခြေရှိပြီး ဒေါ်လာငွေလွှမ်းမိုးသောအစဉ်အလာကိုဖောက်ထွက်ရန်ပြင်ဆင်နေသည်။

ကမ္ဘာ့အကြီးဆုံးရေနံကုမ္ပဏီ၏ယခုလအတွင်းသတင်းထုတ်ပြန်ချက်အရ ယွမ်ငွေများကို ငွေချေးစာချုပ်အစီ အစဉ်တွင် သုံးစွဲနိုင်သည်ဟုဆိုသော်လည်း ပမာဏ၊ အချိန်တို့ကို အသေးစိတ်ဖော်ပြခြင်းမရှိချေ။

ရေနံရောင်းဝယ်ကြရာတွင် ဒေါ်လာငွေဖြင့် နေသားတကျရှိပြီး ရေနံထုတ်လုပ်သည့်နိုင်ငံများသည် ကိုယ်ပိုင် ငွေကြေးများကို ဒေါ်လာဖြင့်နောက်ခံထားလေ့ရှိသည်။

တရုတ်နိုင်ငံကလည်း နိုင်ငံတကာတွင်ယွမ်ငွေအသုံးပြုမှု မြှင့်တင်ရန်ကြိုးပမ်းနေသည်။

ယွမ်ငွေချေးစာချုပ်များနှင့်ပတ်သက်၍ အာရမ်ကို၏အာမခံမှုမှာ ငွေကြေးသုံးစွဲမှုပမာဏကို သိသိသာသာ တိုးမြှင့်စေနိုင်ပြီး ကုမ္ပဏီအများစုပိုင်ဆိုင်သော အာရမ်ကိုနှင့်ဆော်ဒီအစိုးရ၏ ဘဏ္ဍာငွေကြေးအမြင်ကွဲပြားမှုကို ပေါ်လွင်နေသည်။

အင်္ဂါနေ့တွင် အာရမ်ကိုသည် ၂၀၁၉ ခုနှစ်ကတည်းထုတ်ပေးခဲ့သော အမေရိကန်ဒေါ်လာဖြစ်နိုင်ချေရှိသည့် ပထမဆုံးနိုင်ငံခြားသုံးငွေချေးစာချုပ်တန်ဖိုးများကို ဒေါ်လာသန်း ၈၀၀၀ အထိမြှင့်တင်ခဲ့သည်။

စျေးကစားသူများကမူ ကုမ္ပဏီ၏ဖောင်းပွလျက်ရှိသောအကြွေးများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုကြောင်း ပြောနေသည်။

Ref : Saudi Aramco hints at future yuan bonds in potential coup for China

#PeopleMedia


Share this post