• Follow Us on

Home ဆော်ဒီအာရေဗျနိုင်ငံက ပြစ်မှုထင်ရှား အကျဉ်းသား ၈၁ ဦးအား ကွပ်မျက်

ဆော်ဒီအာရေဗျနိုင်ငံက ပြစ်မှုထင်ရှား အကျဉ်းသား ၈၁ ဦးအား ကွပ်မျက်

Share this post

နိုင်ငံတကာ၊ မတ် ၁၄

 

ဆော်ဒီအာရေဗျနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနသည် အကြမ်းဖက်မှု၊ သူလျှိုမှုနှင့် လူသတ်မှုအပါအဝင် စွဲချက် အမျိုးမျိုးဖြင့် ပြစ်မှုထင်ရှားအကျဉ်းသား ၈၁ ဦးအား သေဒဏ်စီရင်ကွပ်မျက်ကြောင်း မတ် ၁၂ ရက်တွင် ကြေညာခဲ့သည်။

 

အဆိုပါကျူးလွန်သောပြစ်မှုများထဲတွင် အစိုးရအမှုထမ်းနှင့် အရေးပါသော စီးပွားရေးရာနေရာများအား ပစ်မှတ် ထားခြင်း၊ တရားဥပဒေစိုးမိုးရေးတာဝန်ရှိသူများအား သတ်ဖြတ်ခြင်းနှင့် ၎င်းတို့၏ ကိုယ်ခန္ဓာများအား သေရာပါ ဒဏ်ရာရရှိစေခြင်းနှင့် ရဲကားများအား ပစ်မှတ်ထား၍ မြေမြှုပ်မိုင်းထောင်ခြင်းတို့ ပါဝင်ကြောင်းလည်း ဆော်ဒီ သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

 

တစ်ဦးချင်းစီအတွက် သီးခြားအဆင့်သုံးဆင့်ဖြင့် စုစုပေါင်း တရားသူကြီး ၁၃ ဦးက ကြီးကြပ်ကာ ဆော်ဒီ တရားရုံးများ၌ စစ်ဆေးစီရင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

စွပ်စွဲခံရသူများအား ရှေ့နေရှေ့ရပ်ဖြင့် ခုခံချေပခွင့် ထောက်ပံ့ပေးခဲ့ပြီး တရားရေးလုပ်ငန်းစဉ်အတွင်း ဆော်ဒီတရားဥပဒေအောက်တွင် ၎င်းတို့အား အပြည့်အဝအခွင့်အရေး အာမခံခဲ့ကြောင်း ဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။

 

ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် ကမ္ဘာ့တည်ငြိမ်မှုအား ငြိမ်းခြောက်သည့် အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒီ အတွေးအခေါ်များအား ဆန့်ကျင်သည့် တင်းကြပ်ပြီး မဆုတ်မနစ်သော ရပ်တည်ချက်အား ဆက်လက်ကျင့်သုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အလေးအနက် ပြောကြားခဲ့သည်။

 

(Xinhua)

 

#နိုင်ငံတကာ

 

(unicode)


………………………………………

 


 


 


 


 


 


 

(Xinhua)

 



Share this post