• Follow Us on

Home ဆော်ဒီလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ဟူသီစစ်သွေးကြွများပစ်ခတ်ခဲ့သည့် ဒုံးကျည်ငါးစင်းကို ကြား ဖြတ်ပစ်ချနိုင်ခဲ့

ဆော်ဒီလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ဟူသီစစ်သွေးကြွများပစ်ခတ်ခဲ့သည့် ဒုံးကျည်ငါးစင်းကို ကြား ဖြတ်ပစ်ချနိုင်ခဲ့

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၉ (People Media)

 

ဆော်ဒီအာရေးဗီးယားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့သည် အီရန်နိုင်ငံကထောက်ပံ့ထားသော ယီမင်နိုင်ငံ မှ ဟူသီစစ်သွေးကြွေများက ဆော်ဒီနိုင်ငံ ဂျာဇန်မြို့သို့ ဦးတည်ပစ်ခတ်ခဲ့သော ဒုံးကျည်ငါးစင်းအား ပစ်ချဖျက် ဆီးနိုင်ခဲ့ကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့က အာရပ်ညွန့်ပေါင်းအဖွဲ့ကပြောကြားလိုက်သည်။

 

အာရပ်ညွန့်ပေါင်းအဖွဲ့၏ကြေညာချက်တွင် အရပ်သားများနှင့် အရပ်ဘက်အဆောက်အဦများအပေါ် ဟူသီစစ် သွေးကြွများ၏ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ပြစ်တင်ရှုတ်ချလိုက်ပြီး အာရပ်ညွှန့်ပေါင်းအဖွဲ့အနေဖြင့် နိုင်ငံတ ကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေနှင့်အညီ ဟူသီစစ်သွေးကြွများ၏ စွမ်းရည်များကို တားဆီး ဖျက်ဆီးရန်အတွက် ဟူသီစစ်သွေးကြွများ၏ လုပ်ရပ်များကို ဆက်လက်ဟန့်တားသွားမည်ဖြစ်သည်ဟုဖော်ပြ ထားကြောင်း Saudi Press Agency သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

 

ဟူသီစစ်သွေးကြွများသည် ဗုံးဖောက်ခွဲနိုင်သည့်ဒရုန်းများ၊ ဒုံးကျည်များနှင့် ထောင်ချောက်မိုင်းများတပ်ဆင်ထား သောမော်တော်ဘုတ်များအသုံးပြု၍ ဆော်ဒီအာရေးဗီးယားနိုင်ငံတွင်း တိုက်ခိုက်မှုများကို အစဉ်တစိုက်လုပ် ဆောင်လာခဲ့ကြသည်။

 

ဆော်ဒီအာရေးဗီးယားနိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်နေသည့် ဟူသီစစ်သွေးကြွများ၏ အကြမ်းဖက်လုပ်ရပ် များကို ကူဝိတ်နိုင်ငံနှင့် ဘာရိန်းနိုင်ငံတို့က ပြင်းထန်သည့်စကားလုံးအသုံးအနှုန်းများသုံးစွဲ၍ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။

 

ဒေသတွင်းတည်ငြိမ်မှုနှင့်အတူ အရပ်သားပစ်မှတ်များနှင့် အရပ်ဘက်အဆောက်အဦများကို ပစ်မှတ်ထားတိုက် ခိုက်နေသော ဟူသီစစ်သွေးကြွများ၏ လုပ်ရပ်များမှာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက် နေခြင်းဖြစ်ကြောင်း ကူဝိတ်နိုင်ငံနှင့် ဘာရိန်းနိုင်ငံက ပြောသည်။

 

အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကလည်း အရပ်သားပစ်မှတ်များနှင့် အရပ်ဘက်အဆောက်အဦ များကို ပစ်မှတ်ထားတိုက်ခိုက်သည့် ဟူသီစစ်သွေးကြွအဖွဲ့အား ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။

 

အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ ယူဆွတ်ဘင်အာမက် အယ်လာထိန်မီးန်က ဟူသီစစ်သွေးကြွအဖွဲ့၏ လုပ်ရပ်များကို ဟန့်တားနိုင်ရေးအတွက် ထိရောက်ပြင်းထန်သော အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလိုက်သည်။

 

Ref: Saudi Air Defenses Intercept, Destroy Five Ballistic Houthi Missiles Targeting Jazan

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 

Ref: Saudi Air Defenses Intercept, Destroy Five Ballistic Houthi Missiles Targeting Jazan

 

#PeopleMedia


Share this post