• Follow Us on

Home ေဆာ္ဒီ၊ ကာတာႏွင့္ ယူေအအီးတို႔ အိႏၵိယမွ ဘရာမို႔စ္အသံလြန္ဒံုးက်ည္၀ယ္ယူရန္ စိတ္၀င္စားေန

ေဆာ္ဒီ၊ ကာတာႏွင့္ ယူေအအီးတို႔ အိႏၵိယမွ ဘရာမို႔စ္အသံလြန္ဒံုးက်ည္၀ယ္ယူရန္ စိတ္၀င္စားေန

Share this post

နယူးေဒလီ၊ ဒီဇင္ဘာ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အိႏၵိယ-႐ု႐ွားဖက္စပ္ထုတ္ထားသည့္ ဘရာမို႔စ္အသံလြန္ဒံုးက်ည္ကို ကာတာ၊ အာရပ္ေစာ္ဘြားမ်ာျပည္ ေထာင္စု(ယူေအအီး)ႏွင့္ ေဆာ္ဒီအာေရဗ်တို႔ကဲ့သို႔ေသာ ပင္လယ္ေကြ႕ႏိုင္ငံမ်ားက ၀ယ္ယူရန္စိတ္၀င္စား ေနသည္။

“အစဦးေဆြးေႏြးမႈေတြလုပ္ေနၿပီး ကိုဗစ္-၁၉ ကူးစက္မႈေၾကာင့္ ကမာၻအႏွံ႔အလံုပိတ္ကန္႔သတ္မႈေတြေၾကာင့္ ေနာက္ထပ္ေဆြးေႏြးပြဲေတြကိုရပ္ဆိုင္းထားရပါတယ္”ဟု သတင္းရင္းျမစ္မ်ားကအတည္ျပဳသည္။

အိႏၵိယ ၾကည္းတပ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး နာရာဗာနီ၏ ေဆာ္ဒီႏွင့္ယူေအအီးသို႔ ၄ ရက္ၾကာခရီးစဥ္တြင္ ဒံုးက်ည္ေရာင္းခ်ေရးေဆြးေႏြးၫွိႏႈိင္းမႈမ်ားအၿပီးသတ္ႏိုင္သည္။

ထိုခရီးစဥ္တြင္ ႏိုင္ငံ ၂ ႏိုင္ငံမွ စစ္တပ္အႀကီးအကဲမ်ားႏွင့္ ၾကည္းတပ္ဦးစီးခ်ဳပ္တို႔ေတြ႕ဆံုႏိုင္ေခ်႐ွိသည္။

အေစာပိုင္းတြင္ ဖိလစ္ပိုင္ႏိုင္ငံက ထိုဒံုးက်ည္မ်ား၀ယ္ယူခဲ့ၿပီး ဖိလစ္ပိုင္သည္ ထိုဒံုးက်ည္ကို ပထမဆံုး ၀ယ္ယူသည့္ႏိုင္ငံျဖစ္သည္။

Ref : Saudi Arabia, Qatar And UAE Interested In Buying BrahMos Supersonic Missiles From India

#PeopleMedia #International

(unicode)
ဆော်ဒီ၊ ကာတာနှင့် ယူအေအီးတို့ အိန္ဒိယမှ ဘရာမို့စ်အသံလွန်ဒုံးကျည်ဝယ်ယူရန် စိတ်ဝင်စားနေ
………………………………………………..

နယူးဒေလီ၊ ဒီဇင်ဘာ ၁၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

အိန္ဒိယ-ရုရှားဖက်စပ်ထုတ်ထားသည့် ဘရာမို့စ်အသံလွန်ဒုံးကျည်ကို ကာတာ၊ အာရပ်စော်ဘွားမျာပြည် ထောင်စု(ယူအေအီး)နှင့် ဆော်ဒီအာရေဗျတို့ကဲ့သို့သော ပင်လယ်ကွေ့နိုင်ငံများက ဝယ်ယူရန်စိတ်ဝင်စား နေသည်။

“အစဦးဆွေးနွေးမှုတွေလုပ်နေပြီး ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ကမ္ဘာအနှံ့အလုံပိတ်ကန့်သတ်မှုတွေကြောင့် နောက်ထပ်ဆွေးနွေးပွဲတွေကိုရပ်ဆိုင်းထားရပါတယ်”ဟု သတင်းရင်းမြစ်များကအတည်ပြုသည်။

အိန္ဒိယ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နာရာဗာနီ၏ ဆော်ဒီနှင့်ယူအေအီးသို့ ၄ ရက်ကြာခရီးစဉ်တွင် ဒုံးကျည်ရောင်းချရေးဆွေးနွေးညှိနှိုင်းမှုများအပြီးသတ်နိုင်သည်။

ထိုခရီးစဉ်တွင် နိုင်ငံ ၂ နိုင်ငံမှ စစ်တပ်အကြီးအကဲများနှင့် ကြည်းတပ်ဦးစီးချုပ်တို့တွေ့ဆုံနိုင်ချေရှိသည်။

အစောပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံက ထိုဒုံးကျည်များဝယ်ယူခဲ့ပြီး ဖိလစ်ပိုင်သည် ထိုဒုံးကျည်ကို ပထမဆုံး ဝယ်ယူသည့်နိုင်ငံဖြစ်သည်။

Ref : Saudi Arabia, Qatar And UAE Interested In Buying BrahMos Supersonic Missiles From India

#PeopleMedia #International


Share this post