• Follow Us on
Latest News

Home ဆေးခါးကြီးအပင်ဖြစ်သည့် ဆေးဖက်ဝင်တိုင်းရင်းဆေးဝါးများဖြင့် COVID-19 ရောဂါကာကွယ်ဆေးထုတ်ရန် ဆေးသုနှင့် တပ်မတော်ဆေးသုတေသနတို့မှ ပူးပေါင်းဆောင်ရွက်မည် 

ဆေးခါးကြီးအပင်ဖြစ်သည့် ဆေးဖက်ဝင်တိုင်းရင်းဆေးဝါးများဖြင့် COVID-19 ရောဂါကာကွယ်ဆေးထုတ်ရန် ဆေးသုနှင့် တပ်မတော်ဆေးသုတေသနတို့မှ ပူးပေါင်းဆောင်ရွက်မည် 

Share this post

နေပြည်တော်၊ စက်တင်ဘာ ၃ (People Media)

 

ဆေးခါးကြီးအပင်ဖြစ်သည့် ဆေးဖက်ဝင်တိုင်းရင်းဆေးဝါးများဖြင့် COVID-19 ရောဂါကာကွယ်ဆေးထုတ်ရန် ဆေးသုနှင့် တပ်မတော်ဆေးသုတေသနတို့မှ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

တိုင်းရင်းဆေးနှင့် COVID-19 ရောဂါအား ကာကွယ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်နှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများဆောင်ရွက်နိုင်ရေးဆိုင်ရာများကို နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ညှိနှိုင်း အစည်းအဝေး၌ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါအစည်းအဝေးတွင် မြန်မာ့တိုင်းရင်းဆေးပညာသည် အများပြည်သူအားကိုးအားထားပြုရသော ပညာရပ် ဖြစ်ကြောင်း၊ တိုင်းရင်းဆေးကျမ်းများတွင် ရှေးယခင်ကတည်းက အဖျားရောဂါများနှင့်ပတ်သက်၍ ကုသခဲ့သော တိုင်းရင်းဆေးဝါးများရှိပြီး မာဓဝနိဒါန်းဆေးကျမ်းတွင်လည်း ဝိသမအဖျား အမျိုးမျိုးအတွက် ဆေးခါးကြီးပါဝင် သော တိုင်းရင်းဆေးဖုံဖြင့် ဖော်စပ်အသုံးပြုထားသည်ကို တွေ့ရှိရသည့်အတွက် တိုင်းရင်းဆေးဝါးများကို ပြန် လည်ဖော်ထုတ်၍ COVID-19 ရောဂါတွင် အသုံးပြုနိုင်ရန် ဆောင်ရွက်သင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းမှ ပြောကြားခဲ့သည်။

 

ဆက်လက်ပြီး COVID-19 ရောဂါအတွက်အသုံးပြုရန် တိုင်းရင်းဆေးဝါးများကို Ethical Board အဖွဲ့၏ခွင့်ပြု ချက်ဖြင့် သုတေသနလုပ်ငန်းများဆောင်ရွက်ရန်နှင့် သုတေသနလုပ်ငန်းများဆောင်ရွက်ရာတွင် ဆေးသုတေသ နဦးစီးဌာနနှင့် တပ်မတော်ဆေးသုတေသနတပ်တို့မှ ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်သည်ဟု ဆိုသည်။

 

ထို့သို့ဆောင်ရွက်အသုံးပြုရာတွင် အကျိုးသက်ရောက်မှုရှိပါက ပြည်သူများအတွက် အမြောက်အမြားထုတ်လုပ် ပေးနိုင်ရန် လိုအပ်မည်ဖြစ်ပြီး ရေရှည်တွင်ဆေးခါးကြီးကဲ့သို့ ဆေးဖက်ဝင်အပင်များ၊ ကုန်ကြမ်းများလုံလောက် စွာရရှိနိုင်ရန်အတွက် ဆေးပင်များကိုအဆင့်မြင့်နည်းပညာဖြင့် စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်ကြောင်းများကို ဆွေး နွေးပွဲတွင် ပြောကြားခဲ့သည်။

 

အလားတူ ရေရှည်တွင် ကုန်ကြမ်းများရရှိရန် ဆေးခါးကြီးပင်များကို တိုင်းရင်းဆေးပညာဦးစီးဌာနရှိ ပရဆေး ဥယျာဉ် ၈ ခု၌ စိုက်ပျိုးထားရှိမှုအခြေအနေများ၊ တပ်မတော်ဆေးသုတေသနတပ်၌ ၂၀၂၀ မတ်လမှစ၍ တိုင်း ရင်းဆေးနှင့်ပတ်သက်ပြီး နနွင်း၊ သစ်ကြံပိုး၊ တမာ၊ ချင်း၊ နွယ်ချိုတို့၏ Acute Toxicity, Heavy Metals, Immunomodulatory, Antiinflammatory Test များဆောင်ရွက်ထားရှိမှုနှင့် ဆေးပင်များပေါက်ရောက်ရာ ရေမြေသဘာဝမတူညီ၍ Bioactive Compound များပါဝင်မှုကို လေ့လာနေကြောင်း၊ ဆေးခါးကြီး Extract ထုတ်၍ Capsule Filling ဆောင်ရွက်နေကြောင်း သိရသည်။

 

#PeopleMedia #COVID-19 #နစက

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 



Share this post