• Follow Us on

Home ေဆးေျခာက္ကိုျပစ္မႈအျဖစ္မွပယ္ဖ်က္သည့္ဥပေဒၾကမ္း အေမရိကန္ေအာက္လႊတ္ေတာ္အတည္ျပဳ

ေဆးေျခာက္ကိုျပစ္မႈအျဖစ္မွပယ္ဖ်က္သည့္ဥပေဒၾကမ္း အေမရိကန္ေအာက္လႊတ္ေတာ္အတည္ျပဳ

Share this post

ဝါ႐ွင္တန္၊ ဒီဇင္ဘာ ၅

တႏိုင္ငံလံုးအဆင့္ ေဆးေျခာက္ကိုျပစ္မႈအျဖစ္မွပယ္ဖ်က္သည့္ဥပေဒၾကမ္းကို အေမရိကန္ေအာက္လႊတ္ ေတာ္က ေသာၾကာေန႔တြင္အတည္ျပဳလိုက္သည္။ ဖက္ဒရယ္အစိုးရထိန္းခ်ဳပ္ထားသည့္ပစၥည္းစာရင္းမွေဆးေျခာက္ကိုဖယ္ထုတ္ရန္တိုက္တြန္းလိုက္ၿပီး တခ်ိဳ႕ေသာျပစ္ဒဏ္မ်ားကိုလည္းေျဖေလ်ာ့ေပးသည္။ ဆယ္စုႏွစ္ေပါင္းမ်ားစြာၾကာသည့္မူးယစ္ေဆးစစ္ပြဲေၾကာင့္ ထိခိုက္နစ္နာသူအသိုက္အ၀န္းမ်ားတြင္ ျပန္လည္ႁမွဳပ္ႏွံမႈကိုလည္း ေထာက္ခံထားသည္။ သို႔ေသာ္ ရီပတ္ဘလစ္ကန္ပါတီကထိန္းခ်ဳပ္ထားသည့္အထက္လႊတ္ေတာ္က ထိုဥပေဒကိုအတည္ျပဳရန္မ႐ွိေခ်။ ေဆးေျခာက္အခြင့္အလမ္းမ်ားျပန္လည္ရင္းႏွီးႁမွဳပ္ႏွံေရးႏွင့္ရာဇ၀တ္မႈအျဖစ္ပယ္ဖ်က္ေရးဥပေဒၾကမ္းကို ေထာက္ခံမဲ ၂၂၈ မဲ၊ ကန္႔ကြက္မဲ ၁၆၄ မဲျဖင့္အတည္ျပဳခဲ့သည္။ ဥပေဒအျဖစ္ အထက္လႊတ္ေတာ္က အတည္ျပဳရန္ႏွင့္ သမၼတက လက္မွတ္ေရးထိုးရန္လိုအပ္ၿပီး အတည္ျပဳခဲ့ပါက အေမရိကန္ျပည္ေထာင္စုအစိုး ရႏွင့္ ျပည္နယ္အစိုးရမ်ားၾကား မူးယစ္ေဆးဝါးဆိုင္ရာမူဝါဒမ်ားၾကားကြာဟမႈကို ခ်ိတ္ဆက္ေပးႏိုင္မည္ျဖစ္သည္။ Ref : US House passes federal cannabis decriminalisation bill
#PeopleMedia (unicode) ဆေးခြောက်ကိုပြစ်မှုအဖြစ်မှပယ်ဖျက်သည့်ဥပဒေကြမ်း အမေရိကန်အောက်လွှတ်တော်အတည်ပြု ………………………………………………. ဝါရှင်တန်၊ ဒီဇင်ဘာ ၅ တနိုင်ငံလုံးအဆင့် ဆေးခြောက်ကိုပြစ်မှုအဖြစ်မှပယ်ဖျက်သည့်ဥပဒေကြမ်းကို အမေရိကန်အောက်လွှတ် တော်က သောကြာနေ့တွင်အတည်ပြုလိုက်သည်။ ဖက်ဒရယ်အစိုးရထိန်းချုပ်ထားသည့်ပစ္စည်းစာရင်းမှဆေးခြောက်ကိုဖယ်ထုတ်ရန်တိုက်တွန်းလိုက်ပြီး တချို့သောပြစ်ဒဏ်များကိုလည်းဖြေလျော့ပေးသည်။ ဆယ်စုနှစ်ပေါင်းများစွာကြာသည့်မူးယစ်ဆေးစစ်ပွဲကြောင့် ထိခိုက်နစ်နာသူအသိုက်အဝန်းများတွင် ပြန်လည်မြှုပ်နှံမှုကိုလည်း ထောက်ခံထားသည်။ သို့သော် ရီပတ်ဘလစ်ကန်ပါတီကထိန်းချုပ်ထားသည့်အထက်လွှတ်တော်က ထိုဥပဒေကိုအတည်ပြုရန်မရှိချေ။ ဆေးခြောက်အခွင့်အလမ်းများပြန်လည်ရင်းနှီးမြှုပ်နှံရေးနှင့်ရာဇဝတ်မှုအဖြစ်ပယ်ဖျက်ရေးဥပဒေကြမ်းကို ထောက်ခံမဲ ၂၂၈ မဲ၊ ကန့်ကွက်မဲ ၁၆၄ မဲဖြင့်အတည်ပြုခဲ့သည်။ ဥပဒေအဖြစ် အထက်လွှတ်တော်က အတည်ပြုရန်နှင့် သမ္မတက လက်မှတ်ရေးထိုးရန်လိုအပ်ပြီး အတည်ပြုခဲ့ပါက အမေရိကန်ပြည်ထောင်စုအစိုး ရနှင့် ပြည်နယ်အစိုးရများကြား မူးယစ်ဆေးဝါးဆိုင်ရာမူဝါဒများကြားကွာဟမှုကို ချိတ်ဆက်ပေးနိုင်မည်ဖြစ်သည်။ Ref : US House passes federal cannabis decriminalisation bill
#PeopleMedia


Share this post