• Follow Us on

Home ဆေးခြောက်စီးပွားရေးလုပ်ငန်းများ တရားဝင်မှတ်ပုံတင်နိုင်မည့်နေ့ရက်ကို ထိုင်းအစိုးရကြေညာ

ဆေးခြောက်စီးပွားရေးလုပ်ငန်းများ တရားဝင်မှတ်ပုံတင်နိုင်မည့်နေ့ရက်ကို ထိုင်းအစိုးရကြေညာ

Share this post

ဘန်ကောက်၊ ဇန်နဝါရီ ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဆေးခြောက်နှင့် ဟမ့်ပ်(hemp)ထုတ်လုပ်ရောင်းချပိုင်ဆိုင်လိုသည့်အဖွဲ့အစည်းအျားအနေဖြင့် ဇန်နဝါရီ ၂၉ ရက်မှစတင်ပြီးမှတ်ပုံတင်နိုင်မည်ဟု ထိုင်းအစိုးရကကြေညာသည်။

 

ထိုနေ့တွင် အပင်၏အစိတ်အပိုင်းအချို့ကို အမျိုးအစား ၅ မူးယစ်ဆေးအမျိုးအစားမှပယ်ဖျက်မည်ဖြစ်သည်။

အရွက်၊ အညှာ၊ ပင်စည်နှင့် အမြစ်တို့ကို စာရင်းမှပယ်ဖျက်မည်ဟု ထိုင်းအစားအစာနှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲ ရေးဌာန (FDA) ၏အထွေထွေအတွင်းရေးမှူး ပိုင်ဆန် ဒန်ကန်က ဗုဒ္ဓဟူးနေ့တွင်ပြောသည်။

မူးယစ်ဆေးပါဝင်မှုများသည့် အပွင့်နှင့်အစေ့များကို ပယ်ဖျက်ခြင်းမရှိသေးချေ။

ထို့အပြင် လူတဦးတယောက်ချင်းစီအနေဖြင့် စိုက်ပျိုးရန်လည်း ခွင့်မပြုသေးကြောင်း မစ္စတာ ပိုင်ဆန်ကပြော သည်။

ထိုလုပ်ရပ်သည် ဟမ့်ပ်နှင့်ဆေးခြောက်တို့ကို ဝင်ငွေရနိုင်သည့်သီးနှံတခုအဖြစ်မြှင့်တင်ပေးနေသည့် ထိုင်းအစိုးရ ၏မူဝါဒတစိတ်တပိုင်းဖြစ်ကြောင်းလည်းပြောသည်။

ပညာရေးဝန်ကြီးဌာနနှင့်ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနတို့က တရားဝင်သောအပင်အစိတ်အပိုင်းများကို အစားအစာ၊ ကျန်းမာရေး၊ အလှပြင်ဆင်ခြင်းနှင့် ခရီးသွားလုပ်ငန်းများတွင် အသုံးပြုနည်းသင်တန်းများ ဖွင့်လှစ်ပေးနေသည်။

Ref : Govt sets up legal cannabis business registration guide

#PeopleMedia

(unicode)
…………………………………………



 







Ref : Govt sets up legal cannabis business registration guide

#PeopleMedia


Share this post