• Follow Us on

Home ဆေးကြောင်နေသည့် အမျိုးသားဖြစ်သူမှ ၎င်း၏ဇနီ်း အပါအဝင် အသက် ၆ နှစ်နှင့် အသက် ၄ နှစ်အရွယ် ကလေးများအား သတ်ဖြတ်

ဆေးကြောင်နေသည့် အမျိုးသားဖြစ်သူမှ ၎င်း၏ဇနီ်း အပါအဝင် အသက် ၆ နှစ်နှင့် အသက် ၄ နှစ်အရွယ် ကလေးများအား သတ်ဖြတ်

Share this post

ပဲခူး၊ ဇန်နဝါရီ ၈ (People Media)

 

ဇန်နဝါရီ ၇ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ အနောက်ဆင်ဆိပ်ကြီးကျေးရွာ၌ ဆေးကြောင်နေသည့် အမျိုးသားဖြစ်သူမှ ၎င်း၏ ဇနီးအပါအဝင် အသက် ၆ နှစ်နှင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တို့ကို ကိုယ်တိုင်သတ်ဖြတ်မှု ဖြစ်ပေါ်ခဲ့သည်။

 

ဆေးကြောင်နေသည့် အမျိုးသားသည် ဇန်နဝါရီ ၇ ရက်နေ့ ညပိုင်း၌ ၎င်း၏ အမျိုးသမီးဖြစ်သူတို့နှင့် စကားများ ရန်ဖြစ်ပြီးနောက် ၎င်း၏ အမျိုးသမီးဖြစ်သူနှင့် အသက် ၆ နှစ်နှင့် အသက် ၄ နှစ်အရွယ် ကလေးများကို သတ် ဖြတ်ပြီးနောက် နေအိမ်မှ ထွက်ပြေးသွားခဲ့သည်။

 

ယနေ့ နံနက်ပိုင်း၌ အဆိုပါ နေအိမ်၌ အသံများ တိတ်ဆိတ်နေ၍ ပတ်ဝန်းကျင်ရှိ နေအိမ်များက လာရောက် ကြည့်ရှုရာ၌ သုံးလောင်ပြိုင် သေဆုံးမှုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

 

“သေဆုံးသူအမျိုးသမီးက မာလာဝင်းလို ခေါ်ပါတယ်။ သဘောလည်းကောင်းပါတယ်။ သူ့ယောင်္ကျားကတော့ ဆေးကြောင်နေသလို အရက်ကြောင်နေတာ ကြာပြီ။ မနေ့က စကားများနေကြတဲ့အသံတော့ ကြားမိတယ်။ ညနေပိုင်းရောက်တော့ အမေရော ကလေးတွေရော အသတ်ခံရတာကို သိလိုက်ရတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

 

လက်ရှိအချိန်၌ ကျူးလွန်သူသည် ထွက်ပြေးလွတ်မြောက်နေကြောင်း တာဝန်ရှိသူများက အတည်ပြုသည်။

 

#PeopleMedia #ပဲခူး

 

(unicode)


…………………………………………………..

 


 


 


 


 


 


 



Share this post