• Follow Us on

Home ေဆး႐ံုကုတင္မရသည့္ေတာင္ကိုရီးယားႏိုင္ငံသား ၆ ေယာက္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ေသဆံုး

ေဆး႐ံုကုတင္မရသည့္ေတာင္ကိုရီးယားႏိုင္ငံသား ၆ ေယာက္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ေသဆံုး

Share this post

ဆိုးလ္၊ ဒီဇင္ဘာ ၁၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ေတာင္ကိုရီးယားႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရၿပီး ေဆး႐ံုကုတင္မရသျဖင့္ေစာင့္ဆိုင္းေနသူ ၆ ေယာက္ေသဆံုးခဲ့သည္ဟု ေသာၾကာေန႔တြင္ အစိုးရအရာ႐ွိမ်ားကေျပာသည္။

ေနာက္ထပ္လူရာခ်ီလည္း ေဆး႐ံုတက္ရန္ေစာင့္ဆိုင္းေနသည္။

ၿပီးခဲ့သည့္စေနေန႔တြင္ ကူးစက္အတည္ျပဳလူနာျဖစ္ၿပီးေနာက္ ၿမိဳ႕ေတာ္ဆိုးလ္တြင္ ေဆး႐ံုတက္ကုသမႈခံယူရန္ ေစာင့္ဆိုင္းေနသူတေယာက္ႏွင့္ ဂၽြန္ဂ်ီျပည္နယ္မွေစာင့္ေ႐ွာက္ေရးေဂဟာတြင္ေနထိုင္သူ ၃ ေယာက္တို႔ အပါအ၀င္ လူ ၆ ေယာက္ေသဆံုးခဲ့ျခင္းျဖစ္သည္။

ဒီဇင္ဘာလအတြင္း အလားတူျဖစ္ရပ္ေၾကာင့္ လူ ၂ ေယာက္ေသဆံုးေၾကာင္း ယြန္ဟတ္သတင္းေအဂ်င္စီ ကေဖာ္ျပေသာ္လည္း အေသးစိတ္အခ်က္အလက္မ်ားမပါ၀င္ေခ်။

ေသာၾကာေန႔တြင္ ေတာင္ကိုရီးယားႏိုင္ငံ၌ ကို႐ိုနာဗိုင္းရပ္စ္အတည္ျပဳလူနာ ၁၀၆၂ ေယာက္႐ွိခဲ့ၿပီး ထို ပမာဏသည္ ေတာင္ကိုရီးယားႏိုင္ငံတြင္ ဒုတိယအမ်ားဆံုးတေန႔တာအတည္ျပဳလူနာပမာဏျဖစ္သည္။

ေတာင္ကိုရီးယားႏိုင္ငံသည္ ယခင္ကကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈမ်ားကိုေအာင္ေအာင္ျမင္ျမင္ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး ယခုကူးစက္မႈမ်ားေၾကာင့္ အထိနာေနသည္။

သို႔ေသာ္ အတည္ျပဳလူနာ ၄၈၅၇၀ ေယာက္႐ွိခ်ိန္တြင္ ေသဆံုးသူ ၆၅၀ သာ႐ွိသည္။

Ref : Six South Koreans die of COVID-19 awaiting hospital beds: Report

#PeopleMedia

(unicode)
ဆေးရုံကုတင်မရသည့်တောင်ကိုရီးယားနိုင်ငံသား ၆ ယောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့်သေဆုံး
………………………………………………

ဆိုးလ်၊ ဒီဇင်ဘာ ၁၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တောင်ကိုရီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပြီး ဆေးရုံကုတင်မရသဖြင့်စောင့်ဆိုင်းနေသူ ၆ ယောက်သေဆုံးခဲ့သည်ဟု သောကြာနေ့တွင် အစိုးရအရာရှိများကပြောသည်။

နောက်ထပ်လူရာချီလည်း ဆေးရုံတက်ရန်စောင့်ဆိုင်းနေသည်။

ပြီးခဲ့သည့်စနေနေ့တွင် ကူးစက်အတည်ပြုလူနာဖြစ်ပြီးနောက် မြို့တော်ဆိုးလ်တွင် ဆေးရုံတက်ကုသမှုခံယူရန် စောင့်ဆိုင်းနေသူတယောက်နှင့် ဂျွန်ဂျီပြည်နယ်မှစောင့်ရှောက်ရေးဂေဟာတွင်နေထိုင်သူ ၃ ယောက်တို့ အပါအဝင် လူ ၆ ယောက်သေဆုံးခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလအတွင်း အလားတူဖြစ်ရပ်ကြောင့် လူ ၂ ယောက်သေဆုံးကြောင်း ယွန်ဟတ်သတင်းအေဂျင်စီ ကဖော်ပြသော်လည်း အသေးစိတ်အချက်အလက်များမပါဝင်ချေ။

သောကြာနေ့တွင် တောင်ကိုရီးယားနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၁၀၆၂ ယောက်ရှိခဲ့ပြီး ထို ပမာဏသည် တောင်ကိုရီးယားနိုင်ငံတွင် ဒုတိယအများဆုံးတနေ့တာအတည်ပြုလူနာပမာဏဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံသည် ယခင်ကကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများကိုအောင်အောင်မြင်မြင်ထိန်းချုပ်နိုင်ခဲ့ပြီး ယခုကူးစက်မှုများကြောင့် အထိနာနေသည်။

သို့သော် အတည်ပြုလူနာ ၄၈၅၇၀ ယောက်ရှိချိန်တွင် သေဆုံးသူ ၆၅၀ သာရှိသည်။

Ref : Six South Koreans die of COVID-19 awaiting hospital beds: Report

#PeopleMedia


Share this post