• Follow Us on
Latest News

Home ဆေးရုံမှဆင်းပြီးနောက် COVID-19 ကူးစက်မှုများရှိနေသည့် အိမ်ဖြူတော်သို့ အမေရိကန်သမ္မတပြန်ရောက်


Share this post








#Peoplemedia

(Unicode)
ဆေးရုံမှဆင်းပြီးနောက် COVID-19 ကူးစက်မှုများရှိနေသည့် အိမ်ဖြူတော်သို့ အမေရိကန်သမ္မတပြန်ရောက်
………………………………………………

၀ါရှင်တန်၊ အောက်တိုဘာ ၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့တွင် COVID-19 ရောဂါကြောင့်ကုသမှုခံယူနေသည့် ဆေးရုံမှ ဆင်းပြီးနောက် အိမ်ဖြူတော်သို့ ရဟတ်ယာဉ်ဖြင့်ပြန်လည်ရောက်ရှိလာသည်။

ပြီးခဲ့သည့် ၃ ရက်အတွင်း ထရမ့်တွင် အဖျားမရှိဘဲ အောက်ဆီဂျင်ပမာဏလည်း ပုံမှန်သာဖြစ်နေကြောင်း သူ၏ကျန်းမာရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

ပြီးခဲ့သည့်ရက်များအတွင်း အောက်ဆီဂျင် ၂ ကြိမ်ပေးခဲ့ရကြောင်းလည်းပြောသည်။

ပြီးခဲ့သည့်သောကြာနေ့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုခဲ့ပြီး ထရမ့်ဆေးရုံတက်ခဲ့သည်။

တနင်္လာနေ့မနက်ပိုင်းက ဆေးရုံဆင်းမည်ဟု ကြေညာခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇.၆ သန်းကျော်ရှိနေပြီး သေဆုံးသူ ၂၀၉၀၀၀ ကျော်ရှိနေကာ ကမ္ဘာ့ကူးစက်မှုနှင့် သေဆုံးမှု အများဆုံးနိုင်ငံဖြစ်နေသည်။

Ref : US President Trump returns to a White House hard hit by COVID-19 after leaving hospital

#Peoplemedia


Share this post