• Follow Us on

Home ဆွေးနွေးညှိနှိုင်းမှု ပြန်လည်မစတင်နိုင်မှုအပေါ် အမေရိကန်ကို မြောက်ကိုရီးယားအပြစ်တင်

ဆွေးနွေးညှိနှိုင်းမှု ပြန်လည်မစတင်နိုင်မှုအပေါ် အမေရိကန်ကို မြောက်ကိုရီးယားအပြစ်တင်

Share this post

ရပ်ဆိုင်းထားတဲ့ ဆွေးနွေးညှိနှိုင်းမှုကို ပြန်လည်မစတင်နိုင်တဲ့အပေါ် အမေရိကန်ကို မြောက်ကိုရီးယားက စက်တင် ဘာ ၃၀ ရက်နေ့မှာ အပြစ်တင်လိုက်ပါတယ်။

စက်တင်ဘာလနှောင်းပိုင်းမှာ ဆွေးနွေးပွဲကို မြောက်ကိုရီးယားဘက်က ပြန်လည်စတင်ဖို့ ဆန္ဒပြရှိခဲ့ပေမယ့် အမေရိကန်ဘက်က လိုလားမှုမရှိခဲ့ဘူး လို့လည်း မြောက်ကိုရီးယားက ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက မြောက်ကိုရီးယားနဲ့ စက်တင်ဘာလအတွင်းတွေ့ဆုံညှိနှိုင်းဖို့ မဖြစ်နိုင်သေးဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်က ပြောကြားထားပါတယ်။

ဒါပေမယ့် အမေရိကန်အနေနဲ့ မြောက်ကိုရီးယားနဲ့ တွေ့ဆုံဖို့ အသင့်ဖြစ်နေပြီး အခုလို ဆွေးနွေးမှုက အရေးကြီးတယ်လို့ လက်ခံထားကြောင်း ပွန်ပီယိုက ပြောကြားခဲ့ပါတယ်။

Ref; CNA


Share this post