• Follow Us on

Home ညောင်တုန်းမြို့နယ်၌ အသက် ၈ နှစ် အရွယ်ရှိ ကိုရင်တစ်ပါးသည် လမ်း၌ တွေ့ရှိသည့် လက်လုပ်ဗုံးကို ကစားစရာဟု ထင်မှတ်၍ ကောက်ယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပေါ်ပြီး ပြင်းထန်ဒဏ်ရာရရှိ

ညောင်တုန်းမြို့နယ်၌ အသက် ၈ နှစ် အရွယ်ရှိ ကိုရင်တစ်ပါးသည် လမ်း၌ တွေ့ရှိသည့် လက်လုပ်ဗုံးကို ကစားစရာဟု ထင်မှတ်၍ ကောက်ယူဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပေါ်ပြီး ပြင်းထန်ဒဏ်ရာရရှိ

Share this post

ပုသိမ်၊ ဒီဇင်ဘာ ၃၀ (People Media)

 

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ငါးကြီးအိုင်ကျေးရွာ၊ ဝေပုလ္လဘုန်းတော်ကြီးကျောင်းရှိ အသက် ၈ ရှစ်၊ ဝါတော်နှစ်ဝါရှိ ကိုရင်တစ်ပါးသည် လမ်း၌ တွေ့ရှိသည့် လက်လုပ်ဗုံးကို ကစားစရာဟု ထင်မှတ်၍ ကောက် ယူဆော့ကစားရမှ ပေါက်ကွဲမှုဖြစ်ပေါ်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

 

“ကိုရင်ကလည်း အသက် ၈ နှစ်ဆိုတော့ ကလေးပဲရှိသေးတာ။ ကစားစရာမှတ်ပြီး လမ်းမှာတွေ့တဲ့ လက် လုပ်ဗုံးကို ကျောင်းကို ယူလာတာ။ ဆွမ်းချက်ဆောင်မှာ လက်လုပ်ဗုံးနဲ့ ကလေးသဘာဝအရ ကစားနေရင်း ပေါက်ကွဲမှု ဖြစ်သွားတာ” လို့ ဒေသခံတစ်ဦးက ပြောဆိုသည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့၌ ဝပုလ္လဘုန်းတော်ကြီးကျောင်းရှိ အသက် ၈ ရှစ်၊ ဝါတော်နှစ်ဝါရှိ ကိုရင် ပညာစာရသည် ရွာလမ်းမပေါ်ရှိ လက်လုပ်ဗုံးကို ကစားစရာဟု ထင်မှတ်ပြီး ကျောင်းတိုက်သို့ ကောက်ယူ လာခဲ့သည်။

 

ထု့ိနောက် ကိုယ်ရင်ငယ်သည် ကျောင်းတိုက်ရောက်ရှိပြီးနောက် လက်လုပ်ဗုံးကို ကစားနေစဉ် ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး ခန္ဓာကိုယ်အနှံ့၌ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီးနောက် မြို့နယ်ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည်။

 

Photo – CJ

 

#PeopleMedia #ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ #ညောင်တန်းမြို့

 

(unicode)


………………………………………………………

 


 


 


 


 


 

Photo – CJ

 



Share this post