• Follow Us on

Home ေညာင္ဦးၿမိဳ႕နယ္၌ ေလးေကာင္ဂ်င္ေလာင္းကစားျပဳလုပ္သူ ၃ ဦး၊ ဆိုင္ကယ္ ၁၂ စီး၊ ေငြက်ပ္ သိန္း ၂၀ ေက်ာ္ ႏွင့္အတူ ဖမ္းဆီးရမိ

ေညာင္ဦးၿမိဳ႕နယ္၌ ေလးေကာင္ဂ်င္ေလာင္းကစားျပဳလုပ္သူ ၃ ဦး၊ ဆိုင္ကယ္ ၁၂ စီး၊ ေငြက်ပ္ သိန္း ၂၀ ေက်ာ္ ႏွင့္အတူ ဖမ္းဆီးရမိ

Share this post

မႏၲေလး၊ ဒီဇင္ဘာ ၁၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးၿမိဳ႕နယ္၊ ဒါန္းေက်းရြာအုပ္စုအနီးေတာထဲ၌ ေလးေကာင္ဂ်င္ေလာင္း ကစားျပဳ လုပ္သူ ၃ ဦး၊ ဆိုင္ကယ္ ၁၂ စီး၊ ေငြက်ပ္ သိန္း ၂၀ ေက်ာ္ႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း မႏၱေလးတိုင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ဒီဇင္ဘာ ၁၂ ရက္ ညေန ၃ နာရီခြဲအခ်ိန္တြင္ စဥ့္ကူနယ္ေျမရဲစခန္းမွ ရဲစခန္းမွဴးႏွင့္ တပ္ဖြဲ႕၀င္မ်ား သည္ အဆိုပါေက်းရြာေတာထဲ၌ ေလးေကာင္ဂ်င္ေလာင္းကစားျပဳလုပ္ေနေၾကာင္း သတင္းအရ သက္ေသ မ်ားႏွင့္အတူ သြားေရာက္ဖမ္းဆီးရာ ေလာင္းကစားျပဳလုပ္ေနသူမ်ားျဖစ္ေသာ ဒါန္းေက်းရြာေန ေဇာ္ထြန္း ၄၆ ႏွစ္၊ ျမင့္ႏိုင္ ၄၄ ႏွစ္၊ မေကြးတိုင္းေဒသႀကီး၊ ဆိပ္ျဖဴၿမိဳ႕၊ အေနာက္ပိုင္းရပ္ကြက္ေန မ်ဳိးသက္ ၄၆ ႏွစ္တို႔အား ေလာင္းကစားျပဳလုပ္ရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ား၊ ေလာင္းေၾကးေငြ ျမန္မာေငြစကၠဴ ေရာရာ ၂၀၆၈၅၀၀ က်ပ္၊ ဆိုင္ကယ္မ်ဳိးစံု ၁၂ စီး၊ SUZUKI ေမာ္ေတာ္ယာဥ္ တစ္စီး၊ လက္ကိုင္ဖုန္းမ်ဳိးစံု ၆ လံုးတို႔ႏွင့္ အတူ သိမ္းဆည္းရမိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ဆက္လက္ၿပီး ဖမ္းဆီးရမိခဲ့သူတို႔အား စဥ့္ကူနယ္ေျမရဲစခန္းမွ (ပ)၅၄/၂၀၂၀၊ ေလာင္းကစားဥပေဒ ပုဒ္မ ၁၅(က)အရ အမႈဖြင့္စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း မႏၱေလးတိုင္းရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
Photo – Mandalay Police
#PeopleMedia #Mandalaypolice #ေလာင္းကစား
(unicode)
ညောင်ဦးမြို့နယ်၌ လေးကောင်ဂျင်လောင်းကစားပြုလုပ်သူ ၃ ဦး၊ ဆိုင်ကယ် ၁၂ စီး၊ ငွေကျပ် သိန်း ၂၀ ကျော် နှင့်အတူ ဖမ်းဆီးရမိ
…………………………………………………
မန္တလေး၊ ဒီဇင်ဘာ ၁၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ဒါန်းကျေးရွာအုပ်စုအနီးတောထဲ၌ လေးကောင်ဂျင်လောင်း ကစားပြု လုပ်သူ ၃ ဦး၊ ဆိုင်ကယ် ၁၂ စီး၊ ငွေကျပ် သိန်း ၂၀ ကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၂ ရက် ညနေ ၃ နာရီခွဲအချိန်တွင် စဉ့်ကူနယ်မြေရဲစခန်းမှ ရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ သည် အဆိုပါကျေးရွာတောထဲ၌ လေးကောင်ဂျင်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက်ဖမ်းဆီးရာ လောင်းကစားပြုလုပ်နေသူများဖြစ်သော ဒါန်းကျေးရွာနေ ဇော်ထွန်း ၄၆ နှစ်၊ မြင့်နိုင် ၄၄ နှစ်၊ မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်နေ မျိုးသက် ၄၆ နှစ်တို့အား လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ မြန်မာငွေစက္ကူ ရောရာ ၂၀၆၈၅၀၀ ကျပ်၊ ဆိုင်ကယ်မျိုးစုံ ၁၂ စီး၊ SUZUKI မော်တော်ယာဉ် တစ်စီး၊ လက်ကိုင်ဖုန်းမျိုးစုံ ၆ လုံးတို့နှင့် အတူ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ဆက်လက်ပြီး ဖမ်းဆီးရမိခဲ့သူတို့အား စဉ့်ကူနယ်မြေရဲစခန်းမှ (ပ)၅၄/၂၀၂၀၊ လောင်းကစားဥပဒေ ပုဒ်မ ၁၅(က)အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
Photo – Mandalay Police

Share this post