• Follow Us on

Home ညောင်ဦးမြို့နယ်တွင် ထမင်းအိုးတည်ပြီး မေ့ထားခဲ့ရာမှ နေအိမ် (၁၆) လုံး မီးလောင်မှုဖြစ်ပွါး

ညောင်ဦးမြို့နယ်တွင် ထမင်းအိုးတည်ပြီး မေ့ထားခဲ့ရာမှ နေအိမ် (၁၆) လုံး မီးလောင်မှုဖြစ်ပွါး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ဂျိုးကန်ကျေးရွာတွင် ထမင်းအိုးတည်ပြီး မေ့ထားခဲ့ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူနေအိမ် (၁၆) လုံး မီးလောင်ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီး ဌာနမှ သိရသည်။

 

ဖေဖော်ဝါရီလ (၁၉) ရက် မွန်းလွဲ (၁) နာရီ (၄၀) မိနစ်ခန့်က ဂျိုးကန်ကျေးရွာနေ ဒေါ်စန်းမြင့်လှိုင်၏ (၁၆) ပေပတ်လည်ရှိ ထန်းရွက်မိုး၊ ထရံကာ မြေစိုက်လူနေအိမ်တွင် ထမင်းအိုးချက်ပြုတ်ခဲ့ရာမှ နေအိမ်အကာအား မီးကူးစက်ကာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါအိမ်မှတဆင့် အနီးပတ်ဝန်းကျင်ရှိ စုစုပေါင်းနေအိမ် (၁၆)လုံး မီးလောင်ပျက်စီးခဲ့ပြီး ဆိတ်၊ သိုးနှင့် ဝက် (၁၈) ကောင်ခန့် သေဆုံးကာ အမျိုးသား (၂၂) ဦးနှင့် အမျိုးသမီး (၄၁) ဦး စုစုပေါင်း (၆၃) ဦး မီးဘေးသင့်ခဲ့ ကြောင်း သိရသည်။

 

ထို့နောက်တွင် မီးဘေးသင့်ပြည်သူ (၆၃)ဦးအား ယင်းကျေးရွာရှိ သီရိမင်္ဂလာဘုန်းကြီးကျောင်းဝန်းအတွင်းသို့ ယာယီရွှေ့ပြောင်းပေးထားကြောင်းနှင့် ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်စေခဲ့သူ ဒေါ်စန်းမြင့်လှိုင်အား ပုဂံနယ် မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………………………..

 


 


 


 


 


 

#PeopleMedia


Share this post