• Follow Us on

Home ညောင်ရွှေရဲစခန်းမှ ရဲတပ်သားတစ်ဦး အင်းအမျိုးသားကာကွယ်ရေးတပ် INDF နှင့် လာရောက်ပူးပေါင်း

ညောင်ရွှေရဲစခန်းမှ ရဲတပ်သားတစ်ဦး အင်းအမျိုးသားကာကွယ်ရေးတပ် INDF နှင့် လာရောက်ပူးပေါင်း

Share this post

ရှမ်း၊ သြဂုတ် ၁၇ (People Media)

 

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ညောင်ရွှေမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သား အောင်မင်းသူမှာ အင်းအမျိုးသားကာကွယ်ရေးတပ် INDF နှင့် လာရောက်ပူးပေါင်းခဲ့ကြောင်း INDF မှ ထုတ်ပြန်ထားသည်။

 

ညောင်ရွှေမြို့မရဲစခန်းတွင် တာဝန်ထမ်းနေသော ကိုယ်ပိုင်အမှတ် လ-၂၆၂၃၆၇၊ ရဲတပ်သား အောင်မင်းသူ သည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ CDM ပြုလုပ်ပြီး အင်းအမျိုးသားကာကွယ်ရေးတပ် INDF နှင့် လာရောက်ပူး ပေါင်းခြင်းဖြစ်ကြောင်း သိရသည်။

 

INDF နှင့် လာရောက်ပူးပေါင်းခဲ့သည့် အထက်ပါ ရဲတပ်သားကို INDF မှ လုံခြုံသည့်နေရာတွင်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia #ညောင်ရွှေမြို့

 

(unicode)


………………………………………………………..

 


 


 


 


 



Share this post