• Follow Us on

Home တောင်ကိုရီးယားတွင် လူနာမှား၍ ကိုယ်ဝန်ဖျက်ချမိသော ဆရာဝန်နှင့် သူနာပြု တရားစွဲခံရ

တောင်ကိုရီးယားတွင် လူနာမှား၍ ကိုယ်ဝန်ဖျက်ချမိသော ဆရာဝန်နှင့် သူနာပြု တရားစွဲခံရ

Share this post

တောင်ကိုရီးယားနိုင်ငံမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး လူနာမှားပြီး ကိုယ်ဝန်ဖျက်ချခံရမှုဖြစ်ပွားခဲ့ပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ဗီယက်နမ်နိုင်ငံသားတစ်ဦးဖြစ်ပြီး ကိုယ်ဝန်သီတင်း ၆ ပတ်ကာလမှာ သြဂုတ်လ ၇ ရက်နေ့က ဆေးရုံသွားပြခဲ့တာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ အားဆေးထိုးဖို့ ဆရာဝန်ညွှန်ကြားချက်ရှိခဲ့ပေမယ့် သူနာပြုဆရာမက လူနာကို စစ်ဆေးမှုမရှိဘဲ ကိုယ်ဝန်ဖျက်ချတဲ့ဆေးထိုးပေးခဲ့တာဖြစ်
ပါတယ်။ ဆရာဝန်ကလည်း လူနာကို သေချာစစ်ဆေးမေးမြန်းမှုမရှိဘဲ ကိုယ်ဝန်ပျက်ကျ အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ သွေးဆင်းတဲ့ အတွက် နောက်တစ်နေ့ ဆေးရုံပြန်သွားချိန်မှာ လူနာမှားပြီး ကိုယ်ဝန်ဖျက်ချတဲ့ ကိစ္စကို သိရှိခဲ့တာဖြစ်ပါတယ်။ အခုဖြစ်ရပ်အတွက် ဆရာဝန်ဖြစ်သူနဲ့ သူနာပြု ဆရာမတစ်ဦးတို့ဟာ တရားစွဲဆိုခံခဲ့ရပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ လက်ရှိဥပဒေအရ ကိုယ်ဝန်ဖျက်ချမှုကို တားမြစ်ထားပေမယ့် ကိုယ်ဝန်ဖျက်ချမှုတွေ အများအပြားရှိနေပြီး အစိုးရက ထိထိရောက်ရောက် အရေးယူ မှုတွေမရှိဖူးလို့ သိရပါတယ်။

Ref; CNA


Share this post