• Follow Us on

Home ေတာင္ကိုရီးယားတြင္ အေမရိကန္တပ္ဖြဲ႕၀င္မ်ားခ်ထားစရိတ္ ႏွစ္ႏိုင္ငံ ညွိႏႈိင္းမႈ သေဘာတူညီခ်က္ မရရွိ

ေတာင္ကိုရီးယားတြင္ အေမရိကန္တပ္ဖြဲ႕၀င္မ်ားခ်ထားစရိတ္ ႏွစ္ႏိုင္ငံ ညွိႏႈိင္းမႈ သေဘာတူညီခ်က္ မရရွိ

Share this post

ေတာင္ကိုရီးယားမွာ အေမရိကန္တပ္ဖြဲ႕၀င္ေတြ ဆက္လက္ထားရွိဖို႔အတြက္ ကုန္က်စရိတ္ကို ေတာင္ကိုရီးယား ကထည့္၀င္မယ့္ ပမာဏအတြက္ ႏွစ္ရက္ၾကာ ေဆြးေႏြးမႈဟာ သေဘာတူညီခ်က္မရရွိဘဲ ၿပီးဆံုးခဲ့ပါတယ္။

အေမရိကန္ဟာ ေတာင္ကိုရီးယားမွာ တပ္ဖြဲ႕၀င္ေတြ ခ်ထားစရိတ္ကို အေမရိကန္ေဒၚလာ ၅ ဘီလီယံရရွိလိုၿပီး ေတာင္ကိုရီးယားက အခုႏွစ္အတြက္ ကုန္က်စရိတ္ပါ၀င္ဖို႔ သေဘာတူညီခ်က္ ပမာဏထက္ ၅ ဆ ပိုမ်ားေန တယ္လို႔ ေတာင္ကိုရီးယားေရွ႕ေနေတြက ေျပာပါတယ္။

ေတာင္ကိုရီးယားမွာ အေမရိကန္တပ္ဖြဲ႕၀င္ေတြခ်ထားမယ့္ အခ်ိန္ကာလ သေဘာတူညီခ်က္ဟာ ဒီဇင္ဘာ ၃၁ ရက္ေန႔မွာ ကုန္ဆံုးေတာ့မွာလည္းျဖစ္ပါတယ္။

အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေတာင္ကိုရီးယားဟာ ခ်မ္းသာတဲ့ႏုိင္ငံျဖစ္ၿပီး အေမရိကန္တပ္ဖြဲ႕၀င္ေတြ အေပၚမွာ အျမတ္ထြက္ေနတယ္လို႕ စြပ္စြဲထားသူျဖစ္ပါတယ္။

ေနာက္တစ္ၾကိမ္ ထပ္မံေဆြးေႏြးညွိႏႈိင္းမႈကို အေမရိကန္မွာ ဇန္န၀ါရီလထဲ ျပဳလုပ္သြားဖို႔ရွိၿပီး အခ်ိန္အတိအက် ကိုေတာ့ သတ္မွတ္ရျခင္းမရွိေသးပါဘူး။

Ref; Reuters

#PeopleMedia #International

(Unicode)
တောင်ကိုရီးယားတွင် အမေရိကန်တပ်ဖွဲ့ဝင်များချထားစရိတ် နှစ်နိုင်ငံ ညှိနှိုင်းမှု သဘောတူညီချက် မရရှိ
…………………………………………………………

တောင်ကိုရီးယားမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ ဆက်လက်ထားရှိဖို့အတွက် ကုန်ကျစရိတ်ကို တောင်ကိုရီးယား ကထည့်ဝင်မယ့် ပမာဏအတွက် နှစ်ရက်ကြာ ဆွေးနွေးမှုဟာ သဘောတူညီချက်မရရှိဘဲ ပြီးဆုံးခဲ့ပါတယ်။

အမေရိကန်ဟာ တောင်ကိုရီးယားမှာ တပ်ဖွဲ့ဝင်တွေ ချထားစရိတ်ကို အမေရိကန်ဒေါ်လာ ၅ ဘီလီယံရရှိလိုပြီး တောင်ကိုရီးယားက အခုနှစ်အတွက် ကုန်ကျစရိတ်ပါဝင်ဖို့ သဘောတူညီချက် ပမာဏထက် ၅ ဆ ပိုများနေ တယ်လို့ တောင်ကိုရီးယားရှေ့နေတွေက ပြောပါတယ်။

တောင်ကိုရီးယားမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေချထားမယ့် အချိန်ကာလ သဘောတူညီချက်ဟာ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ကုန်ဆုံးတော့မှာလည်းဖြစ်ပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တောင်ကိုရီးယားဟာ ချမ်းသာတဲ့နိုင်ငံဖြစ်ပြီး အမေရိကန်တပ်ဖွဲ့ဝင်တွေ အပေါ်မှာ အမြတ်ထွက်နေတယ်လို့ စွပ်စွဲထားသူဖြစ်ပါတယ်။

နောက်တစ်ကြိမ် ထပ်မံဆွေးနွေးညှိနှိုင်းမှုကို အမေရိကန်မှာ ဇန်နဝါရီလထဲ ပြုလုပ်သွားဖို့ရှိပြီး အချိန်အတိအကျ ကိုတော့ သတ်မှတ်ရခြင်းမရှိသေးပါဘူး။

Ref; Reuters

#PeopleMedia #International


Share this post