• Follow Us on

Home ေတာင္ကိုရီးယားနိုင္ငံက တန္ခ်ိန္ ၃၀၀၀ ရွိ ျပည္တြင္းျဖစ္ ေရငုပ္သေဘၤာေရခ်

ေတာင္ကိုရီးယားနိုင္ငံက တန္ခ်ိန္ ၃၀၀၀ ရွိ ျပည္တြင္းျဖစ္ ေရငုပ္သေဘၤာေရခ်

Share this post

နိုင္ငံတကာ၊ နိုဝင္ဘာ ၁၀
 
ပင္လယ္ေရေအာက္ ကာကြယ္ေရးစြမ္းပကားမ်ား ျမႇင့္တင္ေရးႀကိဳးပမ္းမႈအျဖစ္ ေတာင္ကိုရီးယားနိုင္ငံက ေခတ္မီတိုက္ခိုက္ေရးႏွင့္ အသံလိႈင္းျဖင့္ ေရေအာက္ရွိ အရာဝတၳဳတည္ေနရာ ရွာေဖြေရးစနစ္မ်ား တပ္ဆင္ ထားေသာ တန္ခ်ိန္ ၃၀၀၀ ရွိ ျပည္တြင္းျဖစ္ ေရငုပ္သေဘၤာသစ္တစ္စင္းကို ေရခ်လိုက္ေၾကာင္း ေရတပ္က ေျပာ သည္။
 
အန္းမူဟု အမည္ေပးထားသည့္ အလတ္တန္းစား ဒီဇယ္စြမ္းအင္သုံး ေရငုပ္သေဘၤာေရခ်အခမ္းအနားကို ေတာင္ကိုရီးယားနိုင္ငံ အေရွ႕ေတာင္ပိုင္း ေဂ်ာ္ဂ်ီၿမိဳ႕ရွိ ေဒဝူးသေဘၤာတည္ေဆာက္ေရးႏွင့္ အင္ဂ်င္နီယာ ကုမၸဏီပိုင္ ေအာ့ခ္ပိုသေဘၤာက်င္း၌ ယေန႔ က်င္းပခဲ့သည္။
 
၂၀၀၇ ခုႏွစ္တြင္ စတင္ခဲ့သည့္ ေဒၚလာ ၂ ဒသမ ၇၇ ဘီလီယံတန္ေၾကးရွိ စီမံကိန္းတစ္ရပ္အရ ေတာင္ ကိုရီးယားနိုင္ငံက ၂၀၂၃ ခုႏွစ္မတိုင္မီ ကိုယ္ပိုင္နည္းပညာမ်ားျဖင့္ တည္ေဆာက္ရန္စီစဥ္ေနေသာ တန္ခ်ိန္ ၃၀၀၀ ရွိ ေရငုပ္သေဘၤာသုံးစင္းအနက္ ဒုတိယေျမာက္အစင္းျဖစ္သည္။
 
ဒိုဆန္အန္ေခ်ာင္ဟိုဟု အမည္ေပးထားသည့္ ပထမဆုံး ေရငုပ္သေဘၤာကို ၂၀၁၈ ခုႏွစ္တြင္ ေရခ်ခဲ့ၿပီး ယခုႏွစ္အကုန္တြင္ ပင္လယ္ျပင္အတြင္း ျဖန္႔က်က္မည္ဟု ေမၽွာ္မွန္းရသည္။
 
အလ်ား ၈၃ ဒသမ ၃ မီတာ၊ အနံ ၉ ဒသမ ၆ မီတာရွိေသာ အန္းမူေရငုပ္သေဘၤာက တပ္ဖြဲ႕ဝင္ ၅၀ သယ္ ေဆာင္နိုင္ၿပီး ေရေအာက္တြင္ ရက္ ၂၀ တာဝန္ထမ္းေဆာင္နိုင္ေၾကာင္း၊ ဒုံးက်ည္မ်ားပစ္ခတ္နိုင္ေသာ လက္နက္ေျခာက္စင္း တပ္ဆင္ထားေၾကာင္း ကာကြယ္ေရးပစၥည္းဝယ္ယူေရးအစီအစဥ္ ခန္႔ခြဲမႈဌာန(DAPA) မွ တာဝန္ရွိသူမ်ားက ေျပာသည္။
 
လိုအပ္ေသာ စမ္းသပ္မႈမ်ားျပဳလုပ္ၿပီးပါက အဆိုပါေရငုပ္သေဘၤာကို ၂၀၂၂ ခုႏွစ္တြင္ ေတာင္ကိုရီးယား ေရတပ္သို႔ ေပးအပ္မည္ျဖစ္သည္။
 
ေရတပ္၏ အေရးပါေသာ မဟာဗ်ဴဟာေျမာက္ ေရငုပ္သေဘၤာတစ္စင္းျဖစ္ေသာေၾကာင့္ ၿခိမ္းေျခာက္မႈမ်ားကို ပိုမိုေကာင္းမြန္စြာတုံ႔ျပန္နိုင္ၿပီး ကာကြယ္ေရးစြမ္းပကားကို ျမႇင့္တင္ေပးမည္ဟု ေမွ်ာ္မွန္းရေၾကာင္း ေရတပ္မွ တာဝန္ရွိသူတစ္ဦးကေျပာသည္။
 
လက္ရွိတြင္ ေတာင္ကိုရီးယားနိုင္ငံ၌ တန္ခ်ိန္ ၁၂၀၀ ရွိ ေရငုပ္သေဘၤာကိုးစင္းႏွင့္ တန္ခ်ိန္ ၁၈၀၀ ရွိ ေရ ငုပ္သေဘၤာကိုးစင္း ပိုင္ဆိုင္ထားသည္။
 
ကိုးကား – ယြန္ဟပ္
 
Ref; S. Korea to launch new 3,000-ton submarine
 
(unicode)
တောင်ကိုရီးယားနိုင်ငံက တန်ချိန် ၃၀၀၀ ရှိ ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောရေချ
…………………………………………………..
 
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၀
 
ပင်လယ်ရေအောက် ကာကွယ်ရေးစွမ်းပကားများ မြှင့်တင်ရေးကြိုးပမ်းမှုအဖြစ် တောင်ကိုရီးယားနိုင်ငံက ခေတ်မီတိုက်ခိုက်ရေးနှင့် အသံလှိုင်းဖြင့် ရေအောက်ရှိ အရာဝတ္ထုတည်နေရာ ရှာဖွေရေးစနစ်များ တပ်ဆင် ထားသော တန်ချိန် ၃၀၀၀ ရှိ ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောသစ်တစ်စင်းကို ရေချလိုက်ကြောင်း ရေတပ်က ပြော သည်။
 
အန်းမူဟု အမည်ပေးထားသည့် အလတ်တန်းစား ဒီဇယ်စွမ်းအင်သုံး ရေငုပ်သင်္ဘောရေချအခမ်းအနားကို တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်း ဂျော်ဂျီမြို့ရှိ ဒေဝူးသင်္ဘောတည်ဆောက်ရေးနှင့် အင်ဂျင်နီယာ ကုမ္ပဏီပိုင် အော့ခ်ပိုသင်္ဘောကျင်း၌ ယနေ့ ကျင်းပခဲ့သည်။
 
၂၀၀၇ ခုနှစ်တွင် စတင်ခဲ့သည့် ဒေါ်လာ ၂ ဒသမ ၇၇ ဘီလီယံတန်ကြေးရှိ စီမံကိန်းတစ်ရပ်အရ တောင် ကိုရီးယားနိုင်ငံက ၂၀၂၃ ခုနှစ်မတိုင်မီ ကိုယ်ပိုင်နည်းပညာများဖြင့် တည်ဆောက်ရန်စီစဉ်နေသော တန်ချိန် ၃၀၀၀ ရှိ ရေငုပ်သင်္ဘောသုံးစင်းအနက် ဒုတိယမြောက်အစင်းဖြစ်သည်။
 
ဒိုဆန်အန်ချောင်ဟိုဟု အမည်ပေးထားသည့် ပထမဆုံး ရေငုပ်သင်္ဘောကို ၂၀၁၈ ခုနှစ်တွင် ရေချခဲ့ပြီး ယခုနှစ်အကုန်တွင် ပင်လယ်ပြင်အတွင်း ဖြန့်ကျက်မည်ဟု မျှော်မှန်းရသည်။
 
အလျား ၈၃ ဒသမ ၃ မီတာ၊ အနံ ၉ ဒသမ ၆ မီတာရှိသော အန်းမူရေငုပ်သင်္ဘောက တပ်ဖွဲ့ဝင် ၅၀ သယ် ဆောင်နိုင်ပြီး ရေအောက်တွင် ရက် ၂၀ တာဝန်ထမ်းဆောင်နိုင်ကြောင်း၊ ဒုံးကျည်များပစ်ခတ်နိုင်သော လက်နက်ခြောက်စင်း တပ်ဆင်ထားကြောင်း ကာကွယ်ရေးပစ္စည်းဝယ်ယူရေးအစီအစဉ် ခန့်ခွဲမှုဌာန(DAPA) မှ တာဝန်ရှိသူများက ပြောသည်။
 
လိုအပ်သော စမ်းသပ်မှုများပြုလုပ်ပြီးပါက အဆိုပါရေငုပ်သင်္ဘောကို ၂၀၂၂ ခုနှစ်တွင် တောင်ကိုရီးယား ရေတပ်သို့ ပေးအပ်မည်ဖြစ်သည်။
 
ရေတပ်၏ အရေးပါသော မဟာဗျူဟာမြောက် ရေငုပ်သင်္ဘောတစ်စင်းဖြစ်သောကြောင့် ခြိမ်းခြောက်မှုများကို ပိုမိုကောင်းမွန်စွာတုံ့ပြန်နိုင်ပြီး ကာကွယ်ရေးစွမ်းပကားကို မြှင့်တင်ပေးမည်ဟု မျှော်မှန်းရကြောင်း ရေတပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
 
လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံ၌ တန်ချိန် ၁၂၀၀ ရှိ ရေငုပ်သင်္ဘောကိုးစင်းနှင့် တန်ချိန် ၁၈၀၀ ရှိ ရေ ငုပ်သင်္ဘောကိုးစင်း ပိုင်ဆိုင်ထားသည်။
 
ကိုးကား – ယွန်ဟပ်
 
Ref; S. Korea to launch new 3,000-ton submarine

Share this post