• Follow Us on

Home တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအသုတ် ရောက်ရှိ

တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအသုတ် ရောက်ရှိ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၆ (People Media)
တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များအတွက် အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Moderna ထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအသုတ် ယနေ့ ရောက်ရှိလာခဲ့ပြီဟု သိရသည်။
ယခု ဗိုင်းရပ်စ်ကာကွယ်ဆေးများက တောင်ကိုရီးယားနိုင်ငံသို့ ပို့ဆောင်ခဲ့သည့် ပထမဆုံးသော ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေးများဖြစ်သည်။
မန်းဖစ်မြို့မှပျံသန်းလာသည့် ဗိုင်းရပ်စ်ကာကွယ်ဆေးများ တင်ဆောင်လာသော အမေရိကန် ကုန်ပစ္စည်း ပို့ဆောင်ရေးကုမ္ပဏီ FedEx Corp ပိုင် ကုန်တင်လေယာဉ်တစ်စင်း ယနေ့နေ့လည် ၁၂ နာရီ ၅၄ မိနစ်ဝန်းကျင်၌ ဆိုးလ်မြို့တော်အနောက်ဘက်ရှိ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ခဲ့ကြောင်း လေဆိပ်အာဏာ ပိုင်အဖွဲ့၏ ပြောကြားချက်အရ သိရသည်။
ကာကွယ်ဆေး အလုံးရေ ၁၀၀၀ ကို ဆိုးလ်မြို့တော်၏တောင်ဘက် ကီလိုမီတာ ၇၀ ခန့်အကွာတွင် တည် ရှိသည့် Camp Humphreys အတွင်းရှိ စစ်ဆေးရုံတစ်ခုသို့ ပို့ဆောင်ခဲ့သည်။
လာမည့်ရက်အနည်းငယ်အတွင်း ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှု စတင်မည်ဖြစ်ပြီး ကျန်းမာရေးလုပ်သား များကို အရင်ဆုံး ထိုးနှံပေးမည်ဟု တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့မှူး ဗိုလ်ချုပ်ကြီး ရောဘတ်အေဘ ရမ်က ပြောသည်။
အဆိုပါစစ်ဆေးရုံက ဗိုင်းရပ်စ်ကာကွယ်ဆေးများ ကနဦး ရရှိမည့် တောင်ကိုရီးယားနိုင်ငံရှိ နေရာလေးနေ ရာအနက် တစ်နေရာဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက အစောပိုင်းတွင် ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးစာချုပ်ဖြင့်မဟုတ်ဘဲ ယာယီစစ်ပြေငြိမ်းမှုဖြင့် အဆုံးသတ်ခဲ့သည့် ၁၉၅၀-၁၉၅၃ ခုနှစ် ကိုရီး ယားစစ်ပွဲ၏ အမွေအနှစ်တစ်ခုအဖြစ် မြောက်ကိုရီးယားနိုင်ငံ၏ ကျူးကျော်တိုက်ခိုက်မှုကို တားဆီးရန် အမေရိ ကန်နိုင်ငံက တောင်ကိုရီးယားနိုင်ငံ၌ တပ်ဖွဲ့ဝင် ၂၈၀၀၀ တပ်ဖြန့်ထားသည်။
ကိုးကား – The Korea Herald
Ref; First shipment of COVID-19 vaccine arrives for US troops in S. Korea
(unicode)
………………………………………………
Ref; First shipment of COVID-19 vaccine arrives for US troops in S. Korea

Share this post