• Follow Us on
Latest News

Home ေတာင္ကိုရီးယားနိုင္ငံ၌ စပြတ္ညစ္ခ္-ဗြီ ဗိုင္းရပ္စ္ကာကြယ္ေဆး အလုံးေရ သန္း ၁၅၀ ႏွစ္စဥ္ ထုတ္လုပ္မည္

ေတာင္ကိုရီးယားနိုင္ငံ၌ စပြတ္ညစ္ခ္-ဗြီ ဗိုင္းရပ္စ္ကာကြယ္ေဆး အလုံးေရ သန္း ၁၅၀ ႏွစ္စဥ္ ထုတ္လုပ္မည္

Share this post

နိုင္ငံတကာ၊ နိုဝင္ဘာ ၁၃

ေတာင္ကိုရီးယားနိုင္ငံ၌ စပြတ္ညစ္ခ္-ဗြီ ဗိုင္းရပ္စ္ကာကြယ္ေဆး အလုံးေရ သန္း ၁၅၀ ႏွစ္စဥ္ ထုတ္လုပ္ ရန္ ေတာင္ကိုရီးယား ဇီဝနည္းပညာကုမၸဏီ GL Rapha ႏွင့္ သေဘာတူညီခ်က္တစ္ရပ္ လက္မွတ္ေရးထိုးခဲ့ ေၾကာင္း ႐ုရွား တိုက္ရိုက္ ရင္းႏွီးျမဳပ္ႏွံမႈ ရန္ပုံေငြအဖြဲ႕ (RDIF) က ယေန႔ ေျပာၾကားလိုက္သည္။

စပြတ္ညစ္ခ္-ဗြီ ဗိုင္းရပ္စ္ကာကြယ္ေဆးကို ယခုႏွစ္ ဒီဇင္ဘာလတြင္ စတင္ထုတ္လုပ္ၿပီး ၂၀၂၁ ခုႏွစ္ ဇန္ နဝါရီလတြင္ စတင္ျဖန္႔ျဖဴးရန္ ႏွစ္ဖက္အဖြဲ႕အစည္းမ်ားက ရည္ရြယ္ေၾကာင္း ဗိုင္းရပ္စ္ကာကြယ္ေဆး ထုတ္လုပ္၊ ျဖန္႔ျဖဴးေရး အာဏာပိုင္အဖြဲ႕ျဖစ္သည့္ Russian Sovereign Wealth Fund က ထုတ္ျပန္ခ်က္တစ္ခုအတြင္း ေျပာ ၾကားသည္။

RDIF ႏွင့္ GL Rapha တို႔က ေတာင္ကိုရီးယားနိုင္ငံ၌ တစ္ႏွစ္လ်င္ ဗိုင္းရပ္စ္ကာကြယ္ေဆး အလုံးေရ သန္း ၁၅၀ ေက်ာ္ ထုတ္လုပ္ၿပီး ကမၻာ့နိုင္ငံမ်ားသို႔ ျဖန္႔ျဖဴးမည္ဟု ထုတ္ျပန္ခ်က္က ဆိုသည္။

စပြတ္ညစ္ခ္-ဗြီ ဗိုင္းရပ္စ္ကာကြယ္ေဆးက ၉၂ ရာခိုင္ႏႈန္း ထိေရာက္မႈရွိေၾကာင္း ေစတနာ့ဝန္ထမ္း ၄၀၀၀၀ ျဖင့္ျပဳလုပ္သည့္ အဆိုပါကာကြယ္ေဆး၏ အဆင့္ ၃ လက္ေတြ႕စမ္းသပ္မႈရလဒ္မ်ားကို ကိုးကား၍ RDIF က ေျပာၾကားသည္။

“ကမၻာ့နိုင္ငံအမ်ားအျပားက စပြတ္ညစ္ခ္-ဗြီ ဗိုင္းရပ္စ္ကာကြယ္ေဆးကို ကာကြယ္ေဆးအစီအစဥ္မွာ ထည့္သြင္းဖို႔ စီစဥ္ေနပါတယ္” ဟု RDIF အမႈေဆာင္အရာရွိခ်ဳပ္ ကီေရးလ္ဒီမီထရိဗ္က ေျပာၾကားခဲ့သည္။

RDIF က ကမၻာ့နိုင္ငံ ၅၀ ေက်ာ္မွ စပြတ္ညစ္ခ္-ဗြီ ဗိုင္းရပ္စ္ကာကြယ္ေဆး အလုံးေရ ၁ ဒသမ ၂ ဘီလီယံ ဝယ္ယူမည့္ အမွာစာမ်ား လက္ခံရရွိခဲ့ရာ ျပည္ပရွိ ဗိုင္းရပ္စ္ကာကြယ္ေဆး ထုတ္လုပ္ေရးစက္႐ုံမ်ား၌ ထုတ္လုပ္မႈ တိုးျမႇင့္ရန္ စဥ္းစားေနေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

စပြတ္ညစ္ခ္-ဗြီ က တစ္ကမၻာလုံးတြင္ ပထမဆုံးေသာ ဗိုင္းရပ္စ္ကာကြယ္ေဆးျဖစ္ၿပီး ႐ုရွားနိုင္ငံက ၾသ ဂုတ္လ ၁၁ ရက္တြင္ တရားဝင္ မွတ္ပုံတင္ခဲ့သည္။

႐ုရွားနိုင္ငံ ဂါမာလီယာ ကူးစက္ေရာဂါဆိုင္ရာ သုေတသနအဖြဲ႕က ထုတ္လုပ္သည့္ စပြတ္ညစ္ခ္-ဗြီ ဗိုင္း ရပ္စ္ကာကြယ္ေဆးမွာ လက္ရွိတြင္ အဆင့္ ၃ လက္ေတြ႕စမ္းသပ္မႈမ်ား ေဆာင္ရြက္ၿပီးျဖစ္သည္။

ကိုးကား -စ ပြတ္ညစ္ခ္

Ref; South Korean Pharma Company To Produce 150Mln Doses Of Russian COVID-19 Vaccine – RDIF

(unicode)
တောင်ကိုရီးယားနိုင်ငံ၌ စပွတ်ညစ်ခ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၁၅၀ နှစ်စဉ် ထုတ်လုပ်မည်
………………………………………………….

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၃

တောင်ကိုရီးယားနိုင်ငံ၌ စပွတ်ညစ်ခ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၁၅၀ နှစ်စဉ် ထုတ်လုပ် ရန် တောင်ကိုရီးယား ဇီဝနည်းပညာကုမ္ပဏီ GL Rapha နှင့် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ ကြောင်း ရုရှား တိုက်ရိုက် ရင်းနှီးမြုပ်နှံမှု ရန်ပုံငွေအဖွဲ့ (RDIF) က ယနေ့ ပြောကြားလိုက်သည်။

စပွတ်ညစ်ခ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေးကို ယခုနှစ် ဒီဇင်ဘာလတွင် စတင်ထုတ်လုပ်ပြီး ၂၀၂၁ ခုနှစ် ဇန် နဝါရီလတွင် စတင်ဖြန့်ဖြူးရန် နှစ်ဖက်အဖွဲ့အစည်းများက ရည်ရွယ်ကြောင်း ဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်၊ ဖြန့်ဖြူးရေး အာဏာပိုင်အဖွဲ့ဖြစ်သည့် Russian Sovereign Wealth Fund က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြော ကြားသည်။

RDIF နှင့် GL Rapha တို့က တောင်ကိုရီးယားနိုင်ငံ၌ တစ်နှစ်လျင် ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ၁၅၀ ကျော် ထုတ်လုပ်ပြီး ကမ္ဘာ့နိုင်ငံများသို့ ဖြန့်ဖြူးမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

စပွတ်ညစ်ခ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေးက ၉၂ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း စေတနာ့ဝန်ထမ်း ၄၀၀၀၀ ဖြင့်ပြုလုပ်သည့် အဆိုပါကာကွယ်ဆေး၏ အဆင့် ၃ လက်တွေ့စမ်းသပ်မှုရလဒ်များကို ကိုးကား၍ RDIF က ပြောကြားသည်။

“ကမ္ဘာ့နိုင်ငံအများအပြားက စပွတ်ညစ်ခ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေးကို ကာကွယ်ဆေးအစီအစဉ်မှာ ထည့်သွင်းဖို့ စီစဉ်နေပါတယ်” ဟု RDIF အမှုဆောင်အရာရှိချုပ် ကီရေးလ်ဒီမီထရိဗ်က ပြောကြားခဲ့သည်။

RDIF က ကမ္ဘာ့နိုင်ငံ ၅၀ ကျော်မှ စပွတ်ညစ်ခ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ ၁ ဒသမ ၂ ဘီလီယံ ဝယ်ယူမည့် အမှာစာများ လက်ခံရရှိခဲ့ရာ ပြည်ပရှိ ဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်ရေးစက်ရုံများ၌ ထုတ်လုပ်မှု တိုးမြှင့်ရန် စဉ်းစားနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စပွတ်ညစ်ခ်-ဗွီ က တစ်ကမ္ဘာလုံးတွင် ပထမဆုံးသော ဗိုင်းရပ်စ်ကာကွယ်ဆေးဖြစ်ပြီး ရုရှားနိုင်ငံက သြ ဂုတ်လ ၁၁ ရက်တွင် တရားဝင် မှတ်ပုံတင်ခဲ့သည်။

ရုရှားနိုင်ငံ ဂါမာလီယာ ကူးစက်ရောဂါဆိုင်ရာ သုတေသနအဖွဲ့က ထုတ်လုပ်သည့် စပွတ်ညစ်ခ်-ဗွီ ဗိုင်း ရပ်စ်ကာကွယ်ဆေးမှာ လက်ရှိတွင် အဆင့် ၃ လက်တွေ့စမ်းသပ်မှုများ ဆောင်ရွက်ပြီးဖြစ်သည်။

ကိုးကား -စ ပွတ်ညစ်ခ်

Ref; South Korean Pharma Company To Produce 150Mln Doses Of Russian COVID-19 Vaccine – RDIF


Share this post