• Follow Us on

Home တောင်ကိုရီးယားသမ္မတ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်

တောင်ကိုရီးယားသမ္မတ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည်

Share this post

တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်ဟာ ထိုင်း၊မြန်မာနဲ့လာအိုနိုင်ငံတို့ကို လာမယ့် သီတင်းပတ်အတွင်း ၆ ရက်ကြာ အလည်အပတ်ခရီးစဉ်အဖြစ် လာရောက်မယ်လို့သိရပါတယ်။

မွန်ဟာ လာမယ့်သီတင်းပတ် တနင်္ဂနွေနေ့မှာ ထိုင်းနိုင်ငံကို ပထမဦးဆုံးသွားရောက်လည်ပတ်မှာ ဖြစ်ပြီး မြန်မာနိုင်ငံကို လာမယ့်သီတင်းပတ် အဂါင်္နေ့မှာ ဆိုက်ရောက်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအလည်အပတ် ခရီးစဉ်အတွင်း မွန်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊သမ္မတ ဦးဝင်းမြင့်တို့နဲ့ တွေ့ဆုံသွားဖို့ရှိနေပါတယ်။

ဆက်လက်ပြီး လာအိုနိုင်ငံကို နှစ်ရက်ကြာ လည်ပတ်ပြီးနောက် စက်တင်ဘာ ၆ ရက်နေ့မှာ အလည်အပတ်ခရီးစဉ်ကို အဆုံးသတ်မယ်လို့ သိရပါတယ်။

Ref; kbs.co.kr


Share this post