• Follow Us on

Home တောင်ကိုရီးယားသင်္ဘောတည်ဆောက်ရေးကုမ္ပဏီနှစ်ခုပူးပေါင်း၍ အပေါ့စားလေယာဉ်တင်သင်္ဘောတည် ဆောက်မည်

တောင်ကိုရီးယားသင်္ဘောတည်ဆောက်ရေးကုမ္ပဏီနှစ်ခုပူးပေါင်း၍ အပေါ့စားလေယာဉ်တင်သင်္ဘောတည် ဆောက်မည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၁ (People Media)

 

တောင်ကိုရီးယားတွင်ထင်ရှားကျော်ကြားသည့် သင်္ဘောတည်ဆောက်ရေးကုမ္ပဏီနှစ်ခုသည် ကိုရီးယားရေတပ် တွင် ဒေါင်လိုက်ဆင်းနိုင်မည့် တိုက်လေယာဉ်များကိုသယ်ဆောင်နိုင်သော အပေါ့စားလေယာဉ်တင်သင်္ဘောကို ဒီဇိုင်းရေးဆွဲတည်ဆောက်ရန် ပူးတွဲစာချုပ်ကိုလက်မှတ်ရေးထိုးလိုက်သည်။

 

ဒေဝူးသင်္ဘောတည်ဆောက်ရေးနှင့် ရေကြောင်းအင်ဂျင်နီယာ (DSME) ကုမ္ပဏီနှင့် ဟန်ဂျင်း အကြီးစား စက်မှု လုပ်ငန်းနှင့် ဆောက်လုပ်ရေးကုမ္ပဏီတို့သည် ကိုရီးယားရေတပ်မှ အနာဂတ်သင်္ဘောတည်ဆောက်ရေး အမှာ စာများရရှိရန်ရည်ရွယ်ချက်ဖြင့် သင်္ဘောသား ၄၀၀ ကျော်တင်ဆောင်နိုင်သည့် တန် ၃၀,၀၀၀ လေယာဉ်တင် သင်္ဘောအပေါ့စားတည်ဆောက်ရန်အတွက် ကြာသာပတေးနေ့က သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့သည်။

 

အခြေခံဒီဇိုင်းရေးဆွဲမှုနှင့် သင်္ဘောတည်ဆောက်မှုအတွက် ကိုရီးယားဝမ် ၂.၃၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂.၀၉ ဘီလျံ) ချမှတ်ပေးခဲ့ပြီး ယင်းပမာဏမှာ လက်နက်တပ်ဆင်မှု၊ လေယာဉ်များဝယ်ယူမှုနှင့် အခြားဆက်စပ် ပစ္စည်းများဝယ်ယူမှုအတွက် မပါသေးကြောင်းသိရသည်။

 

ဒေဝူးသင်္ဘောတည်ဆောက်ရေးနှင့် ရေကြောင်းအင်ဂျင်နီယာ (DSME) ကုမ္ပဏီအနေဖြင့် ပရောဂျက်ကိုအောင် မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အကောင်းဆုံးနည်းပညာများကိုအသုံးပြုသွားမည်ဖြစ်ပြီး လေ ယာဉ်တင်သင်္ဘောတည်ဆောက်ရာတွင် ဟန်ဂျင်း အကြီးစားစက်မှုလုပ်ငန်းနှင့် ဆောက်လုပ်ရေးကုမ္ပဏီထံမှ အတွေ့အကြုံများကိုလည်း လေ့လာသင်ယူသွားမည်ဖြစ်ကြောင်း DSME မှ သင်္ဘောဆောက်လုပ်ရေးဈေးကွက် ဌာနမှ အကြီးအကဲဖြစ်သူ ဂျွန်ဝူဆောင်းကပြောသည်။

 

တောင်ကိုရီးယားရေတပ်သည် လွတ်လပ်ရေးတက်ကြွလှုပ်ရှားသူ “ဒိုဆန်အာချောင်ဟို” ဟု အမည်ပေးထား သော ပြည်တွင်းထုတ်ရေငုပ်သင်္ဘောတစ်စင်းကို ယခုသီတင်းပတ်အစောပိုင်းက ထုတ်ဖော်ပြသခဲ့သည်။ စစ် မက်ဖြစ်ပွားလာပါက မြောက်ကိုရီးယားကို ပဲ့ထိန်းဒုံးကျည်များဖြင့်ပစ်ခတ်ရန်အတွက် လေယာဉ်တင်သင်္ဘော အသစ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း ကိုရီးယားရေတပ်ကပြောဆိုခဲ့သည်။

 

Ulsan-class ဘက်စုံသုံးပဲ့ထိန်းဒုံးကျည်တပ် ဖရီးဂိတ်သင်္ဘောကိုလည်း စတင်တည်ဆောက်နေပြီဖြစ်ကြောင်း ကိုရီးယားအစိုးရကကြေညာခဲ့သည်။ ယင်းဖရီးဂိတ်သင်္ဘောသည် တစ်နာရီ ရေမိုင် ၃၄ ကီလို (၆၃ ကီလိုမီတာ) နှုန်းဖြင့် ရေမိုင် ၈,၀၀၀ (၁၄,၈၁၆ ကီလိုမီတာ) အထိ ခုတ်မောင်းနိုင်သည်။ အဆိုပါဖရီးဂိတ်သင်္ဘောတွင် ဟာ ပွန်သင်္ဘောဖျက်ဒုံးကျည် ၈ စင်း၊ ၃၂၄ မမ Blue Shark တော်ပီဒို ၆ စင်းနှင့် ၇၆ မမ ကာလီဘာစက်သေနတ် ကြီးတို့တပ်ဆင်ထားကြောင်းသိရသည်။

 

Ref: Two South Korean Shipbuilders Team Up to Develop Light Aircraft Carrier

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 

Ref: Two South Korean Shipbuilders Team Up to Develop Light Aircraft Carrier

 

#PeopleMedia


Share this post