• Follow Us on

Home တောင်ကိုရီးယားအမေရိကန်တပ်ဖွဲ့ဝင်များ အထူးလေကြောင်းစစ်ဆင်ရေးပြုလုပ်

တောင်ကိုရီးယားအမေရိကန်တပ်ဖွဲ့ဝင်များ အထူးလေကြောင်းစစ်ဆင်ရေးပြုလုပ်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၄ (People Media)

 

တောင်ကိုရီးယားအမေရိကန်တပ်ဖွဲ့ဝင်များသည် ၂၀၁၉ ခုနှစ်က အိန္ဒိယနိုင်ငံကပြုလုပ်ခဲ့သော လေကြောင်း တိုက်ပွဲစစ်ရေးလေ့ကျင့်မှုကဲ့သို့ မြောက်ကိုရီးယားစစ်ရေးအဆောက်အဦများကို ပစ်မှတ်ထား၍ အထူးစစ်ဆင် ရေးစစ်ရေးလေ့ကျင့်မှုတစ်ခုကို  ပြလုပ်ခဲ့သည်။

 

ကိုရီးယားရှိ အမေရိကန်အထူးစစ်ဆင်ရေးဌာနချုပ်က စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဆိုးလ်မြို့နှင့် ကီလိုမီ တာ ၇၀ ကွာဝေးသော ပြောင်းထယ်မြို့အနီး ဟမ်ဖရီစခန်း၌ Teak Knife စစ်ရေးလေ့ကျင့်မှုကိုပြုလုပ်ခဲ့ကြောင်း လတ်တလော လူမှုကွန်ရက်ပေါ်တွင်တင်ထားသည်ကိုတွေ့ရသည်။ အင်ဒို- ပစိ ဖိတ်ဒေသတစ်ဝန်း အထူးစစ် ဆင်ရေးများတွင် အသုံးပြုခဲ့သောကျွမ်းကျင်မှုများကို လက်တွေ့ကျင့်သုံးရန် အမေရိကန် အထူးနည်းဗျူဟာ မြောက်လေတပ်စစ်သည်များအတွက် အခွင့်အလမ်းများကို ယင်းစစ်ရေးလေ့ကျင့်မှုက ထောက်ပံ့ပေးခဲ့သည်။

 

ယင်းစစ်ရေးလေ့ကျင့်မှုသည် ဒုံးကျည်စခန်းများ၊ နျူကလီးယားစက်ရုံများကဲ့သို့ မြောက်ကိုရီးယား၏ အဓိကစစ် ရေးအဆောက်အဦများကို သဏ္ဍန်လုပ်ပစ်မှတ်တုများပြုလုပ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား သတင်းဌာနဖြစ်သော ယွန်ဟက်သတင်းအေဂျင်စီက ကြေညာခဲ့သည်။

 

ယင်းစစ်ရေးလေ့ကျင့်မှုမှာ ခုတ်မောင်း နေသည့်ရထားတစ်စီးပေါ်တွင်ပြုလုပ်ခဲ့သည့် ဒုံးကျည်ပစ်လွှတ်မှုအပါအ ဝင် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများကြားတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

အမေရိကန်တပ်မတော်သည် ၁၉၉၀ ပြည့်နှစ်ကာလများကတည်းက များသောအားဖြင့် တောင်ကိုရီးယားတပ်ဖွဲ့ ဝင်များနှင့် ပူးပေါင်း၍ စစ်ရေးလေ့ကျင့်မှုများကို ပုံမှန်ဆောင်ရွက်ခဲ့သော်လည်း ပုံမှန်အားဖြင့် လူသိရှင်ကြားသ တင်းထုတ်ပြန်ခြင်းမရှိသလောက်ဖြစ်သည်။ နောက်ဆုံးအကြိမ် တရားဝင်သတင်းထုတ်ပြန်ခဲ့သည့် စစ်ရေးလေ့ ကျင့်မှုမှာ ၂၀၁၇ ခုနှစ်တွင်ဆောင်ရွက်ခဲ့သော  စစ်ရေးလေ့ကျင့်မှုဖြစ်သည်။

 

အိန္ဒိယတပ်ပမတော်က ဘာလာကုတ်လေကြောင်းတိုက်ပွဲစစ်ရေးလေ့ကျင့်မှုကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်စောစောတွင် ပြုလုပ်ခဲ့သည်။ အိန္ဒိယလေယာဉ်များသည် အငြင်းပွားနယ်မြေဖြစ်သော ကက်ရှိမီး ယားဒေသတွင်းရှိ နယ်စပ်ကိုဖြတ်ကျော်ပြီး ခိုင်ဘာပတ်ထွန်ခွာပြည်နယ်ရှိ ဘာလာကုတ်မြို့ဝန်းကျင်တစ်ဝိုက် အကြမ်းဖက်သမားများ၏ လေ့ကျင့်ရေးစခန်းများကို ပစ်မှတ်ထား၍ ဗုံးများကြဲချခဲ့ကြောင်း ကြေညာခဲ့သည်။

 

Ref: U.S.F.K. Conducts Indo-Pak Surgical Strike-Like Drill Simulating North Korea

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 

Ref: U.S.F.K. Conducts Indo-Pak Surgical Strike-Like Drill Simulating North Korea

 

#PeopleMedia


Share this post