• Follow Us on

Home ေတာင္ကိုရီးယားေရေဘးေၾကာင့္ ၁၃ ဦးေသ၊ ၁၃ ဦး ေပ်ာက္ဆုံး

ေတာင္ကိုရီးယားေရေဘးေၾကာင့္ ၁၃ ဦးေသ၊ ၁၃ ဦး ေပ်ာက္ဆုံး

Share this post

ႏိုင္ငံတကာ၊ ၾသဂုတ္ ၄

ေတာင္ကိုရီးယားႏိုင္ငံ၌ ရက္ေပါင္းၾကာရွည္ မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ေရႀကီးေရလွ်ံမႈမ်ား၊ ေျမ ၿပိဳမႈမ်ား ျဖစ္ပြားခဲ့ရာ လူ ၁၃ ဦးထက္မနည္း ေသဆုံးခဲ့ၿပီး ၁၃ ဦး ေပ်ာက္ဆုံးေနေၾကာင္း တာဝန္ရွိသူမ်ား၏ ေျပာ ၾကားခ်က္အရ သိရသည္။

ဆိုးလ္ၿမိဳ႕ေတာ္ႏွင့္ အနီးအနားျပည္နယ္မ်ားတြင္ ျပည္သူ ၁၀၀၀ ေက်ာ္မွာ ေနအိမ္မ်ားစြန္႔ခြာခဲ့ရေၾကာင္း ေဘးအႏၲရာယ္ႏွင့္ တန္ျပန္အစီအမံေဆာင္ရြက္ေရး ဗဟိုဌာနခ်ဳပ္က ယေန႔ ေျပာၾကားခဲ့ၿပီး လာမည့္ရက္မ်ားအ တြင္း ရာသီဥတု ပိုမိုဆိုးရြားလာႏိုင္ေၾကာင္း သတိေပးလိုက္သည္။

ေဂ်ာင္ဂီျပည္နယ္ ေတာင္ကုန္းတစ္ခုေပၚရွိ အိမ္ရာတည္ေဆာက္ေရး လုပ္ငန္းခြင္တစ္ခု၌ ေျမၿပိဳမႈတစ္ခု ျဖစ္ပြားခဲ့ရာ လူေျခာက္ဦး ေသဆုံးခဲ့ေၾကာင္း ယြန္ဟပ္သတင္းဌာနက ေဖာ္ျပခဲ့သည္။

ေပ်ာက္ဆုံးေနသူ ၁၃ ဦးတြင္ ေျမာက္ပိုင္း ေခ်ာင္ခြၽန္ျပည္နယ္၌ ထရပ္ကားတစ္စင္း ေရစီးႏွင့္ေမ်ာပါသြား ခဲ့သည့္ အသက္ ၆၀ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးလည္း ပါဝင္ခဲ့ေၾကာင္း အဆိုပါသတင္းဌာနက ဆိုသည္။

ေရေဘးေၾကာင့္ စိုက္ခင္း ၅၇၅၁ ဟက္တာ ေရနစ္ျမဳပ္သြားခဲ့သလို ဆိုးလ္ၿမိဳ႕ေတာ္ရွိ အဓိက အေဝးေျပး လမ္းမႀကီးတစ္ခ်ိဳ႕ ေရလႊမ္းမိုးသြားခဲ့ရာ အစိုးရက ထိခိုက္ပ်က္စီးမႈမ်ား ကိုင္တြယ္ေျဖရွင္းရန္ ရဲတပ္ဖြဲ႕ဝင္ႏွင့္ ေစ တနာ႔ဝန္ထမ္း ၂၅၀၀၀ ေက်ာ္ စည္း႐ုံးခဲ့သည္။

ေနာက္ထပ္ အသက္ဆုံးရႈံးမႈမ်ား မျဖစ္ေပၚေစေရး အစြမ္းကုန္ႀကိဳးပမ္းၾကရန္ ေဒသဆိုင္ရာ အာဏာပိုင္ မ်ားကို တိုက္တြန္းခဲ့သည့္ သမၼတ မြန္ေဂ်အင္းက ယေန႔ အေရးေပၚအစည္းအေဝးတစ္ရပ္ က်င္းပခဲ့သည္။

ထိခိုက္ပ်က္စီးမႈအခ်ိဳ႕ရွိခဲ့ေသာ ဆိုးလ္ၿမိဳ႕လယ္ရွိ ဟန္ျမစ္တစ္ေလ်ာက္ ေရနစ္ျမဳပ္ရာ လမ္းမႀကီးမ်ား၊ တံ တားမ်ား၌ ယေန႔ ျပဳျပင္မႈလုပ္ငန္းမ်ား ျပန္လည္စတင္ခဲ့သည္။

အိမ္နီးခ်င္း ေျမာက္ကိုရီးယားႏိုင္ငံ၌ ႏိုင္ငံပိုင္မီဒီယာမ်ားက ေရေဘးျဖစ္ပြားႏိုင္ေၾကာင္း သတိေပးခဲ့ၿပီး ေဒသအခ်ိဳ႕မွာ မိုးသည္းထန္စြာ ရြာသြန္းမႈ ႀကဳံေတြ႕ေနရသည္။

ေျမာက္ကိုရီးယားႏိုင္ငံက ေတာင္ကိုရီးယားႏိုင္ငံထံ ႀကိဳတင္သတိေပးမႈ မျပဳလုပ္ဘဲ နယ္စပ္ရွိ ဆည္တစ္ ခု၏ ေရလႊဲေပါက္မ်ား ဖြင့္ေပးခဲ့ေၾကာင္း အမည္မေဖာ္လိုေသာ အစိုးရသတင္းရင္းျမစ္မ်ားကို ကိုးကား၍ ယြန္ဟပ္ သတင္းဌာနက ေဖာ္ျပခဲ့သည္။

ကိုးကား – အယ္လ္ဂ်ာဇီးယား

Ref; Flash floods, mudslides kill 13 people in South Korea

#PeopleMedia

(Unicode)
တောင်ကိုရီးယားရေဘေးကြောင့် ၁၃ ဦးသေ၊ ၁၃ ဦး ပျောက်ဆုံး
…………………………………………………………

နိုင်ငံတကာ၊ ဩဂုတ် ၄

တောင်ကိုရီးယားနိုင်ငံ၌ ရက်ပေါင်းကြာရှည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ၊ မြေ ပြိုမှုများ ဖြစ်ပွားခဲ့ရာ လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၃ ဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများ၏ ပြော ကြားချက်အရ သိရသည်။

ဆိုးလ်မြို့တော်နှင့် အနီးအနားပြည်နယ်များတွင် ပြည်သူ ၁၀၀၀ ကျော်မှာ နေအိမ်များစွန့်ခွာခဲ့ရကြောင်း ဘေးအန္တရာယ်နှင့် တန်ပြန်အစီအမံဆောင်ရွက်ရေး ဗဟိုဌာနချုပ်က ယနေ့ ပြောကြားခဲ့ပြီး လာမည့်ရက်များအ တွင်း ရာသီဥတု ပိုမိုဆိုးရွားလာနိုင်ကြောင်း သတိပေးလိုက်သည်။

ဂျောင်ဂီပြည်နယ် တောင်ကုန်းတစ်ခုပေါ်ရှိ အိမ်ရာတည်ဆောက်ရေး လုပ်ငန်းခွင်တစ်ခု၌ မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူခြောက်ဦး သေဆုံးခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။

ပျောက်ဆုံးနေသူ ၁၃ ဦးတွင် မြောက်ပိုင်း ချောင်ချွန်ပြည်နယ်၌ ထရပ်ကားတစ်စင်း ရေစီးနှင့်မျောပါသွား ခဲ့သည့် အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း ပါဝင်ခဲ့ကြောင်း အဆိုပါသတင်းဌာနက ဆိုသည်။

ရေဘေးကြောင့် စိုက်ခင်း ၅၇၅၁ ဟက်တာ ရေနစ်မြုပ်သွားခဲ့သလို ဆိုးလ်မြို့တော်ရှိ အဓိက အဝေးပြေး လမ်းမကြီးတစ်ချို့ ရေလွှမ်းမိုးသွားခဲ့ရာ အစိုးရက ထိခိုက်ပျက်စီးမှုများ ကိုင်တွယ်ဖြေရှင်းရန် ရဲတပ်ဖွဲ့ဝင်နှင့် စေ တနာ့ဝန်ထမ်း ၂၅၀၀၀ ကျော် စည်းရုံးခဲ့သည်။

နောက်ထပ် အသက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး အစွမ်းကုန်ကြိုးပမ်းကြရန် ဒေသဆိုင်ရာ အာဏာပိုင် များကို တိုက်တွန်းခဲ့သည့် သမ္မတ မွန်ဂျေအင်းက ယနေ့ အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။

ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့သော ဆိုးလ်မြို့လယ်ရှိ ဟန်မြစ်တစ်လျောက် ရေနစ်မြုပ်ရာ လမ်းမကြီးများ၊ တံ တားများ၌ ယနေ့ ပြုပြင်မှုလုပ်ငန်းများ ပြန်လည်စတင်ခဲ့သည်။

အိမ်နီးချင်း မြောက်ကိုရီးယားနိုင်ငံ၌ နိုင်ငံပိုင်မီဒီယာများက ရေဘေးဖြစ်ပွားနိုင်ကြောင်း သတိပေးခဲ့ပြီး ဒေသအချို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှု ကြုံတွေ့နေရသည်။

မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနိုင်ငံထံ ကြိုတင်သတိပေးမှု မပြုလုပ်ဘဲ နယ်စပ်ရှိ ဆည်တစ် ခု၏ ရေလွှဲပေါက်များ ဖွင့်ပေးခဲ့ကြောင်း အမည်မဖော်လိုသော အစိုးရသတင်းရင်းမြစ်များကို ကိုးကား၍ ယွန်ဟပ် သတင်းဌာနက ဖော်ပြခဲ့သည်။

ကိုးကား – အယ်လ်ဂျာဇီးယား

Ref; Flash floods, mudslides kill 13 people in South Korea

#PeopleMedia


Share this post