• Follow Us on

Home တောင်ကိုရီးယား၌ ထားရှိသည့် တပ်ဖွဲ့ဝင် ၄၀၀၀ ရုတ်သိမ်းရန် အမေရိကန်စဉ်းစားနေ


Share this post







(Unicode)
တောင်ကိုရီးယား၌ ထားရှိသည့် တပ်ဖွဲ့ဝင် ၄၀၀၀ ရုတ်သိမ်းရန် အမေရိကန်စဉ်းစားနေ
………………………………………………………………

တောင်ကိုရီးယားက အမေရိကန်တပ်ဖွဲ့ဝင်တွေ ချထားစရိတ်ထပ်တိုးမပေးခဲ့ရင် တပ်ဖွဲ့ဝင်အရေအတွက်ကို သိသိသာသာလျော့ချဖို့ အမေရိကန်က စဉ်းစားနေတယ်လို့ တောင်ကိုရီးယားသတင်းစာတစ်စောင်က နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ အခုသီတင်းပတ်အတွင်း အမေရိကန်တပ်ဖွဲ့ဝင်တွေချထားမှုအတွက် ကုန်ကျစရိတ်ကို ၅ ဆနီးပါးတိုးမြှင့်ပြီး ၅ ဘီလီယံတောင်းဆိုခဲ့တာဖြစ်ပါတယ်။

နှစ်ဖက်စလုံးက တပ်ဖွဲ့ဝင်အင်အား လျှော့ချမယ့်အရေအတွက်ကို အတည်ပြုထားခြင်းမရှိပေမယ့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က လက်ရှိချထားတဲ့ တပ်ဖွဲ့ဝင်အင်အားဟာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံတန်ဖိုးရှိ တယ်လို့ပြောကြားထားပါတယ်။

တောင်ကိုရီးယားမှာ လက်ရှိချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်အရေအတွက်ဟာ ၂၈၅၀၀ ရှိနေပြီး လက်ရှိတောင် ကိုရီးယားရဲ့ ကုန်ကျစရိတ်ပေးချေမှုအရ တပ်ဖွဲ့ဝင်အင်အား ၃၀၀၀ က ၄၀၀ ကြားလျှော့ချသွားဖွယ်ရှိနေပါ တယ်။

Ref; https://www.straitstimes.com/

#PeopleMedia #International


Share this post