• Follow Us on

Home ေတာင္ကိုရီးယား-အေမရိကန္ ပူးတြဲစစ္ေရးေလ့က်င့္မႈကို ၾသဂုတ္လ တြင္ျပဳလုပ္မည္

ေတာင္ကိုရီးယား-အေမရိကန္ ပူးတြဲစစ္ေရးေလ့က်င့္မႈကို ၾသဂုတ္လ တြင္ျပဳလုပ္မည္

Share this post

၂၀၂၀၊ ဇူလိုင္ ၂၈

ေတာင္ကိုရီးယားႏွင့္ အေမရိကန္ႏိုင္ငံ ၾသဂုတ္လလယ္တြင္ ႏွစ္ႏိုင္ငံ ပူးတြဲစစ္ေရးေလ့က်င့္မႈကို ျပန္လည္ စတင္ႏိုင္မည္ဟု ေမွ်ာ္လင့္ပါေၾကာင္း ေတာင္ကိုရီးယားကာကြယ္ေရးဝန္ႀကီး ေဂ်ာင္ေက်ာင္ဒိုက ေျပာၾကား သည္။

လာမည့္လလယ္တြင္ ပူးတြဲစစ္ေရးေလ့က်င့္မႈျပဳလုပ္ရန္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ေနေၾကာင္း၊ ကိုဗစ္-၁၉ ေရာဂါ ျဖစ္ပြားေနခ်ိန္တြင္ စစ္ေရးေလ့က်င့္မႈတစ္ရပ္ ျပဳလုပ္ေရးစီစဉ္ရာတြင္ စိန္ေခၚမႈမ်ားစြာရွိေၾကာင္း ေဂ်ာင္ေက်ာင္ ဒိုက အမ်ိဳးသားလႊတ္ေတာ္ ကာကြယ္ေရးေကာ္မတီသို႔ ယေန႔ ေျပာၾကားလိုက္သည္။

အေမရိကန္ႏိုင္ငံမွ ေတာင္ကိုရီးယားႏိုင္ငံသို႔ ဝင္ေရာက္လာေသာတပ္ဖြဲ႕မ်ား ဗိုင္းရပ္စ္ရွိမရွိစစ္ေဆးမႈကို ေတာင္ ကိုရီးယားတပ္မေတာ္က တိုးျမႇင့္ဆာင္ရြက္မည္ျဖစ္ၿပီး ပိုးမရွိသူမ်ားကိုသာ စစ္ေရးေလ့က်င့္မႈတြင္ ပါဝင္ခြင့္ျပဳ မည္ဟု ၄င္းက ဆိုသည္။

ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ပြားေနမႈေၾကာင့္ ပူးတြဲစစ္ေရးေလ့က်င့္မႈသို႔ အေမရိကန္ုႏိုင္ငံက တပ္ဖြဲ႕ဝင္အေရအတြက္ ေလွ်ာ့၍ေစလႊတ္မည္(သို႔မဟုတ္) မေစလႊတ္မည္ႏွင့္ပတ္သက္၍ စိုးရိမ္မႈမ်ား ရွိလာခဲ့သည္။

လာမည့္ စစ္ေရးေလ့က်င့္မႈအတြင္း အေမရိကန္ႏိုင္ငံ၏ ျဖစ္ႏိုင္ဖြယ္ရာ အင္အားေလွ်ာ့ခ်လာႏိုင္မႈက စစ္ပြဲ ကာလတြင္ ေတာင္ကိုရီးယားတပ္ဖြဲ႕မ်ား၏ တိုက္ပြဲဝင္စြမ္းပကားကို ထိခိုက္ေစႏိုင္သည္ဟု ေလ့လာသူအခ်ိဳ႕က ေျပာၾကားခဲ့သည္။

လက္ရွိအေျခအေနအရ ျဖစ္ႏိုင္ဖြယ္ရာ အေကာင္းဆုံးနည္းလမ္းျဖစ္လာေစရန္ အနီးကပ္ေစ့စပ္ညႇိဳႏႈိင္းမႈမ်ား ျပဳလုပ္ေနေၾကာင္း ေဂ်ာင္ေက်ာင္ဒိုက ဆိုသည္။

ကိုးကား ။ ။ ေကဘီအက္စ္

Ref; Defense Minister Expects S. Korea-US Joint Drill to Take Place Mid-Aug.

#PeopleMedia

(unicode)
တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဩဂုတ်လ တွင်ပြုလုပ်မည်
………………………………………………………

၂၀၂၀၊ ဇူလိုင် ၂၈

တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံ ဩဂုတ်လလယ်တွင် နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြန်လည် စတင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဂျောင်ကျောင်ဒိုက ပြောကြား သည်။

လာမည့်လလယ်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေချိန်တွင် စစ်ရေးလေ့ကျင့်မှုတစ်ရပ် ပြုလုပ်ရေးစီစဉ်ရာတွင် စိန်ခေါ်မှုများစွာရှိကြောင်း ဂျောင်ကျောင် ဒိုက အမျိုးသားလွှတ်တော် ကာကွယ်ရေးကော်မတီသို့ ယနေ့ ပြောကြားလိုက်သည်။

အမေရိကန်နိုင်ငံမှ တောင်ကိုရီးယားနိုင်ငံသို့ ဝင်ရောက်လာသောတပ်ဖွဲ့များ ဗိုင်းရပ်စ်ရှိမရှိစစ်ဆေးမှုကို တောင် ကိုရီးယားတပ်မတော်က တိုးမြှင့်ဆာင်ရွက်မည်ဖြစ်ပြီး ပိုးမရှိသူများကိုသာ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခွင့်ပြု မည်ဟု ၄င်းက ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေမှုကြောင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုသို့ အမေရိကန်ုနိုင်ငံက တပ်ဖွဲ့ဝင်အရေအတွက် လျှော့၍စေလွှတ်မည်(သို့မဟုတ်) မစေလွှတ်မည်နှင့်ပတ်သက်၍ စိုးရိမ်မှုများ ရှိလာခဲ့သည်။

လာမည့် စစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်နိုင်ငံ၏ ဖြစ်နိုင်ဖွယ်ရာ အင်အားလျှော့ချလာနိုင်မှုက စစ်ပွဲ ကာလတွင် တောင်ကိုရီးယားတပ်ဖွဲ့များ၏ တိုက်ပွဲဝင်စွမ်းပကားကို ထိခိုက်စေနိုင်သည်ဟု လေ့လာသူအချို့က ပြောကြားခဲ့သည်။

လက်ရှိအခြေအနေအရ ဖြစ်နိုင်ဖွယ်ရာ အကောင်းဆုံးနည်းလမ်းဖြစ်လာစေရန် အနီးကပ်စေ့စပ်ညှိုနှိုင်းမှုများ ပြုလုပ်နေကြောင်း ဂျောင်ကျောင်ဒိုက ဆိုသည်။

ကိုးကား ။ ။ ကေဘီအက်စ်

Ref; Defense Minister Expects S. Korea-US Joint Drill to Take Place Mid-Aug.

#PeopleMedia


Share this post