• Follow Us on

Home တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖျက်သိမ်းရန် မြောက်ကိုရီးယားခေါင်းဆောင်၏ ညီမ ဖြစ်သူက တိုက်တွန်း

တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖျက်သိမ်းရန် မြောက်ကိုရီးယားခေါင်းဆောင်၏ ညီမ ဖြစ်သူက တိုက်တွန်း

Share this post

No description available.

No description available.

နိုင်ငံတကာ၊ သြဂုတ် ၂ (People Media)

 

တောင်ကိုရီးယားနိုင်ငံ၏ သြဂုတ်လအတွင်း အမေရိကန်နိုင်ငံနှင့် ပြုလုပ်မည့် နှစ်စဉ်ပြုလုပ်နေကျ စစ်ရေး လေ့ကျင့်မှုကိုဖျက်သိမ်းရန် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်၏ ညီမဖြစ်သူက ကြိုးပမ်းလျှက်ရှိသည်။

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ညီမ ကင်ယိုဂျောင်က သြဂုတ်လ ၁ ရက်တွင် နိုင်ငံပိုင်ကိုရီးယား ဗဟိုသတင်းဌာနမှတစ်ဆင့် ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။

 

တောင်ကိုရီးယားနှင့် အမေရိကန်တပ်မတော်တို့ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဖြစ်ပြီး အမေရိကန် တပ်ဖွဲ့များက အစီအစဉ်အတိုင်း ရှေ့ဆက်လုပ်ဆောင်မည်ဟု ကြားသိရသည့်အတွက် စိတ်မသက်မသာဖြစ် နေရကြောင်း ထုတ်ပြန်ချက်အတွင်း ကင်ယိုဂျောင်က ပြောကြားသည်။

 

ပူးတွဲစစ်ရေးလေ့ကျင့်မှုအတိုင်းအတာပမာဏကို မည်သည့်အခါမျှ မဆွေးနွေးခဲ့ကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။

 

တောင်ကိုရီးယားအစိုးရက ယခုလအတွင်း ရန်လိုသော စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မည်လားဆိုသည်ကို မြောက်ကိုရီးယားအစိုးရနှင့် တပ်မတော်က အနီးကပ်စောင့်ကြည့်မည်ဟု ၎င်းကဆိုသည်။ ရွေးချယ်မှုကို မိမိတို့က ပြုလုပ်ရမည်မဟုတ်ကြောင်း သူက ပြောသည်။

 

ပြီးခဲ့သည့်အပတ်က ကိုရီးယားနှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် တိုက်ရိုက်ဆက်သွယ်မှုလိုင်းများ ပြန်လည်ဖွင့် လှစ်မှုကိုလည်း ၎င်းက ပြောကြားခဲ့သည်။

 

Ref; Kim Yo Jong urges S.Korea to cancel drills

 

#PeopleMedia #EPN #international #မြောက်ကိုးရီးယား

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 

Ref; Kim Yo Jong urges S.Korea to cancel drills

 



Share this post