• Follow Us on

Home တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စီစဉ်ထားသည့်အတိုင်း ပြုလုပ်မည်

တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စီစဉ်ထားသည့်အတိုင်း ပြုလုပ်မည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၉ (People Media)

 

အချေအတင်အငြင်းပွားနေသော တောင်ကိုရီးယား-အမေရိကန် စစ်ရေးလေ့ကျင့်မှုများကို စီစဉ်ထားသည့် အတိုင်း ပြုလုပ်မည်ဖြစ်သော်လည်း တပ်ဖွဲ့ဝင်အရေအတွက်နှင့် အစီအစဉ်ကို လျှော့ချမည်ဖြစ်သည်။

 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိုသို့စီစဉ်ခြင်းဖြစ်ကြောင်း စစ်ဘက်အာဏာပိုင်များက ပြောကြားသော်လည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ သြဇာကြီးမားသောညီမဖြစ်သူ ကင်ယိုဂျောင်၏ တောင်းဆိုမှုကို ထင်ဟပ်စေကြောင်း အချို့က ဝေဖန်သည်။

 

စစ်ရေးလေ့ကျင့်မှုကြောင့် ပြန်လည်ရင်ကြားစေ့ရေး၊ ကိုရီးယားကျွန်းဆွယ် ဆက်သွယ်ရေးလိုင်းဖွင့်လှစ်မှု၊ နျူကလီးယားလက်နက်ဖျက်သိမ်းမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ထိခိုက်စေနိုင်ကြောင်း လေ့လာသူများ ကပြောသည်။

 

ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင်ပါဝင်မည့် တပ်ဖွဲ့ဝင်အရေအတွက် လျှော့ချရန် တောင်ကိုရီးယားနှင့် အမေရိကန် စစ်ဘက်အာဏာပိုင်များက သဘောတူခဲ့သော်လည်း လေ့ကျင့်မည့်အစီအစဉ်များကို မပြောင်းလဲဟုလည်း သိရသည်။

 

စစ်ရေးလေ့ကျင့်ရာတွင် တပ်ဖွဲ့ဝင်များ နီးကပ်စွာ လေ့ကျင့်ရခြင်း၊ ကာလရှည်ကြာစွာ ကြာမြင့်ခြင်းတို့က ဗိုင်းရပ်စ်ကူးစက်မှုကို ဖြစ်စေနိုင်သည်ဟုဆိုကာ စစ်ရေးလေ့ကျင့်မှုကို ရှုံ့ချ၍ပြုလုပ်ရန် စီစဉ်ခြင်းဖြစ်သည်။

 

တောင်ကိုရီးယားနှင့် အမေရိကန် စစ်ဘက်အာဏာပိုင်များက စစ်ရေးလေ့ကျင့်မည့်အစီအစဉ်ကို မြောက်ကိုရီး ယားနိုင်ငံသို့ တိုက်ရိုက်ဖုန်းလိုင်းဖြင့် အကြောင်းကြားမည်ဖြစ်သည်။

 

Ref; S. Korea likely to scale back military exercise with U.S.

 

#PeopleMedia #EPN #international #တောင်ကိုးရီးယား

 

(unicode)


………………………………………….

 


 


 


 


 


 


 


 

Ref; S. Korea likely to scale back military exercise with U.S.

 



Share this post