• Follow Us on

Home ေတာင္ကုတ္ၿမိဳ႕နယ္တြင္ တရားမဝင္သစ္တန္ ၁၁၄၀ ေက်ာ္ဖမ္းဆီးရမိ

ေတာင္ကုတ္ၿမိဳ႕နယ္တြင္ တရားမဝင္သစ္တန္ ၁၁၄၀ ေက်ာ္ဖမ္းဆီးရမိ

Share this post

ေနျပည္ေတာ္၊ ေအာက္တိုဘာ – ၁၉

ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕နယ္အတြင္း တရားမ၀င္သစ္တန္ ၁၁၄၀ ေက်ာ္ဖမ္းဆီးရမိေၾကာင္း တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွ ယေန႔တြင္ ထုတ္ျပန္ထားသည္။

၎ဖမ္းဆီးရမိျခင္းႏွင့္ပတ္သက္ၿပီး လုံျခဳံေရးေဆာင္ရြက္လ်က္ရွိေသာ လုံျခဳံေရးပူးေပါင္းတပ္ဖြဲ႕ဝင္မ်ားသည္ ေအာက္တိုဘာ ၁၇ ရက္ မြန္းလြဲ ၂ နာရီခန႔္တြင္ ဆိပ္ခံေတာရြာ၏ အေနာက္ေတာင္ဘက္ မီတာ ၄၀၀၀ ခန႔္အကြာေနရာ၌ စက္ေလွအႀကီး ၄ စီးအား မသကၤာ၍စစ္ေဆးရာ ၎စက္ေလွမ်ားေပၚတြင္ တရားမဝင္သစ္မ်ိဳးစုံခြဲသားဆိုဒ္စုံ ၁၅၂ တန္ခန႔္ (ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၄၅၆ သိန္း)ခန႔္ႏွင့္ အမ်ိဳးသား ၃၉ ဦးတို႔အားလည္းေကာင္း၊ ညေန ၅ နာရီခန႔္တြင္ ေတာင္ကုတ္ၿမိဳ႕ႏွင့္ မီတာ ၅၅၀၀ ခန႔္အကြာ ေတာင္ကုတ္ေခ်ာင္းအတြင္း စက္ေလွႀကီး ၂ စီးေပၚတြင္ တရားမဝင္သစ္မ်ိဳးစုံ ခြဲသားဆိုဒ္စုံ ၁၄၅ တန္ခန႔္(ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၄၃၅ သိန္း)ခန႔္ႏွင့္ အမ်ိဳးသား ၂၂ ဦးအား လည္းေကာင္းအသီးသီး ဖမ္းဆီးရမိခဲ့ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕မွထုတ္ျပန္ထားသည္။

အလားတူ ယမန္ေန႔ မြန္းလြဲ ၁ နာရီခြဲခန႔္တြင္လည္း ေတာင္ကုတ္ၿမိဳ႕၏ အေနာက္ေျမာက္ဘက္ မီတာ ၇၂၀၀ ခန႔္အကြာရွိ ေခ်ာင္းလက္တက္ခြဲအနီးႏွင့္ လက္ပံေခ်ာင္းရြာ၏ အေရွ႕ဘက္ မီတာ ၄၀၀၀ ခန႔္အကြာ ကရိုင္းျမစ္အတြင္း၌ ရပ္တန႔္ထားသည့္ သေဘၤာ ၃ စီး တို႔အား မသကၤာ၍ စစ္ေဆးရာ ၎သေဘၤာမ်ားေပၚ၌ တင္ေဆာင္ထားသည့္ တရားမဝင္သစ္ ၈၅၀ တန္(ခန႔္မွန္းတန္ဖိုးေငြက်ပ္သိန္း ၂၅၀၀ေက်ာ္)ခန႔္အား ဖမ္းဆီးရမိေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

အဆိုပါ ဖမ္းဆီးရမိသေဘၤာ ၃ စီး၊ စက္ေလွ ၆ စီး၊ တရားမဝင္သစ္ စုစုေပါင္း ၁၁၄၇ တန္ခန႔္ႏွင့္ ဖမ္းဆီးရမိသူမ်ားအား သက္ဆိုင္ရာသို႔ စနစ္တက်လႊဲေျပာင္းအပ္ႏွံၿပီး တရားဥပေဒအရအေရးယူနိုင္ေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ကထုတ္ျပန္ထားသည္။

#PeopleMedia

(unicode)
တောင်ကုတ်မြို့နယ်တွင် တရားမဝင်သစ်တန် ၁၁၄၀ ကျော်ဖမ်းဆီးရမိ
……………………………………………..

နေပြည်တော်၊ အောက်တိုဘာ – ၁၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်း တရားမဝင်သစ်တန် ၁၁၄၀ ကျော်ဖမ်းဆီးရမိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

၎င်းဖမ်းဆီးရမိခြင်းနှင့်ပတ်သက်ပြီး လုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဆိပ်ခံတောရွာ၏ အနောက်တောင်ဘက် မီတာ ၄၀၀၀ ခန့်အကွာနေရာ၌ စက်လှေအကြီး ၄ စီးအား မသင်္ကာ၍စစ်ဆေးရာ ၎င်းစက်လှေများပေါ်တွင် တရားမဝင်သစ်မျိုးစုံခွဲသားဆိုဒ်စုံ ၁၅၂ တန်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၆ သိန်း)ခန့်နှင့် အမျိုးသား ၃၉ ဦးတို့အားလည်းကောင်း၊ ညနေ ၅ နာရီခန့်တွင် တောင်ကုတ်မြို့နှင့် မီတာ ၅၅၀၀ ခန့်အကွာ တောင်ကုတ်ချောင်းအတွင်း စက်လှေကြီး ၂ စီးပေါ်တွင် တရားမဝင်သစ်မျိုးစုံ ခွဲသားဆိုဒ်စုံ ၁၄၅ တန်ခန့်(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၅ သိန်း)ခန့်နှင့် အမျိုးသား ၂၂ ဦးအား လည်းကောင်းအသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှထုတ်ပြန်ထားသည်။

အလားတူ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင်လည်း တောင်ကုတ်မြို့၏ အနောက်မြောက်ဘက် မီတာ ၇၂၀၀ ခန့်အကွာရှိ ချောင်းလက်တက်ခွဲအနီးနှင့် လက်ပံချောင်းရွာ၏ အရှေ့ဘက် မီတာ ၄၀၀၀ ခန့်အကွာ ကရိုင်းမြစ်အတွင်း၌ ရပ်တန့်ထားသည့် သင်္ဘော ၃ စီး တို့အား မသင်္ကာ၍ စစ်ဆေးရာ ၎င်းသင်္ဘောများပေါ်၌ တင်ဆောင်ထားသည့် တရားမဝင်သစ် ၈၅၀ တန်(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၂၅ဝဝကျော်)ခန့်အား ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ဖမ်းဆီးရမိသင်္ဘော ၃ စီး၊ စက်လှေ ၆ စီး၊ တရားမဝင်သစ် စုစုပေါင်း ၁၁၄၇ တန်ခန့်နှင့် ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီး တရားဥပဒေအရအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်ထားသည်။

#PeopleMedia


Share this post