• Follow Us on

Home တောင်ကုတ်မြို့နယ်၊ ဥရုဝေလတောရအနီး၌ ချိန်းစက်များဖြင့် သစ်ခုတ်မှုကို တားမြစ်ပေးရန် မြောက်ဦးဆရာ တော်ဘုရားကြီးမှ သက်ဆိုင်ရာဝန်ကြီးဌာနများထံ အကူအညီတောင်းခံ

တောင်ကုတ်မြို့နယ်၊ ဥရုဝေလတောရအနီး၌ ချိန်းစက်များဖြင့် သစ်ခုတ်မှုကို တားမြစ်ပေးရန် မြောက်ဦးဆရာ တော်ဘုရားကြီးမှ သက်ဆိုင်ရာဝန်ကြီးဌာနများထံ အကူအညီတောင်းခံ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၀ (People Media)

 

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ရှိ မအီစက်တော်ရာလမ်း၊ ဥရုဝေလတောရအနီး၌ သစ်ခုတ်သမား များသည် ချိန်းစက်တို့ဖြင့် သစ်တောများ ဖြုန်းတီးနေသောကြောင့် သံဃာတော်များ တရားအားထုတ်မရ၍ တား မြစ်ပေးရန် မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒက သက်ဆိုင်ရာဝန်ကြီးဌာနများထံ အကူအညီတောင်းခံလိုက် သည်။

 

“ပြည်နယ်သစ်တောဝန်ကြီးဌာနနဲ့ အထက်သစ်တောရေးရာဝန်ကြီးဌာနတွေကို ဆရာတော် အကူအညီတောင်း အပ်ပါတယ်။ ဆရာတော်တို့ သီတင်းသုံးရာ မအီစက်တော်ရာလမ်း ဥရုဝေလတောရအနီး သစ်ခုတ်သမားတွေ ဟာ ချိန်းစက်တို့နဲ့ သစ်တောတွေ ဖြုန်းတီးနေတဲ့အတွက် တားမြစ်ပေးဖို့ အကူအညီတောင်းအပ်ပါတယ်။ နှစ်ရှည်လများ ခုတ်လှဲနေကြတဲ့အတွက် သံဃာတော်တွေ တရားအားထုတ်မရ ဖြစ်နေပါပြီ။ အမ်းမြို့နယ် ဘက်ခြမ်းမှာ ပိုဆိုးနေပါပြီ” ဟု မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒက မိန့်ကြားထားသည်။

 

ဆရာတော်သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်နေ့၌ သက်ဆိုင်ရာ တာဝန်ရှိသူများထံ ဆရာတော်၏ လူမှုကွန် ယက်မှ တစ်ဆင့် အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။

 

#PeopleMedia #သာသနာရေး #သစ်တော #ရခိုင်ပြည်နယ်အစိုးရအဖွဲ့

 

(unicode)


………………………………………………………………..

 


 


 


 


 



Share this post