• Follow Us on

Home တောင်ကုတ်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာ ယာဉ်ပေါ်လိုက်ပါလာသူ ကျား ၃ ဦး ထိခိုက်ဒဏ်ရာရရှိ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ထိန်းသိမ်းခံရ

တောင်ကုတ်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာ ယာဉ်ပေါ်လိုက်ပါလာသူ ကျား ၃ ဦး ထိခိုက်ဒဏ်ရာရရှိ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ထိန်းသိမ်းခံရ

Share this post

တောင်ကုတ်၊ မတ် ၈

 

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တောင်ကုတ်-ပန်တောင်း ကားလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာ ယာဉ်ပေါ်လိုက်ပါလာသူ ကျား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယာဉ်အားမဆင်မခြင် မောင်းနှင်မှုကြောင့် ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက် ထိန်းသိမ်းခံရသည်။

 

ဖြစ်စဉ်မှာ မတ်လ ၇ ရက်နေ့ ည ၁၀ နာရီအချိန်က တောင်ကုတ်မြို့၊ ရိုးမရာဇာဂိတ်မှ ယာဉ်တစ်စီးသည် မြေပဲ အိတ်များတင်ဆောင်လာစဉ် တောင်ကုတ်မြို့နယ်၊ တန်းလျားကြီးကျေးရွာအနီး တောင်ကုတ်-ပန်တောင်း ကားလမ်းတွင် ဘရိတ်ပေါက်ကာ လမ်းဘေးတောင်နံရံအား တိုက်မိတိမ်းမှောက်ခဲ့သဖြင့် ၎င်းယာဉ်ပေါ်၌ လိုက်ပါလာသော အလုပ်သမား ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

 

ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို တာဝန်ရှိသူများနှင့် လူမှုကူညီရေးအဖွဲ့တို့က တောင်ကုတ်မြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ဆေးကုသပေးလျက်ရှိသည်။

 

#PeopleMedia

 

(unicode)


……………………………………

 


 


 


 


 

#PeopleMedia


Share this post