• Follow Us on

Home တောင်ငူမြို့ အထက(၁) ကျောင်းရှေ့၌ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းနှစ်လုံးတွေ့

တောင်ငူမြို့ အထက(၁) ကျောင်းရှေ့၌ မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းနှစ်လုံးတွေ့

Share this post

ပဲခူး၊ ဒီဇင်ဘာ ၂၇ (People Media)

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အထက(၁)ကျောင်းရှေ့နှင့် ကျောင်းအနီးပတ်ဝန်းကျင်၌ မပေါက်ကွဲသေး သော လက်လုပ်မိုင်းများ တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

 

ကျောင်းအနီးရှိ ထရန်စဖော်မာ၌ လက်လုပ်မိုင်းတစ်လုံး တွေ့ရှိကြောင်း ဒေသခံပြည်သူများမှ သတင်းပေး ချက်အရ တာဝန်ရှိသူများက လာရောက်ရှင်းလင်းပေးခဲ့ပြီး အဆိုပါ အနီးတစ်ဝိုက်အား ထပ်မံရှာဖွေရာတွင် ကျောင်းရှေ့အမှိုက်ပုံ၌ တွေရှိခဲ့သည်။

 

“အချိန်ကတော့ ၁၁ နာရီခွဲလောက်က တွေ့တာ ကျွန်တော်သွားကြည့်တော့ လမ်းတွေကို အကာအရံတွေ ချထားတာကို တွေ့ရတယ်။ သိပ်မကြာဘူး အမှိုက်ပုံက ဗုံးရော ထရန်စဖော်မာက ဗုံးရော တပ်ကလူတွေ ဖယ်ရှားသွားတာကတော့ မြင်လိုက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

လက်ရှိအချိန်၌ တိုင်းဒေသကြီး/ပြည်နယ် စာသင်ကျောင်းအချို့၌ မိုင်းထောင်ခြင်း မိုင်းခွဲခြင်း မီးရှို့ခြင်းများ ဖြစ်ပေါ်လျှက်ရှိသည်။

 

#PeopleMedia #လက်လုပ်မိုင်း# တောင်ငူမြို့

 

(unicode)


……………………………………………………

 


 


 


 


 


 



Share this post