• Follow Us on

Home တောင်တွင်းကြီးမြို့၌ ဖမ်းဆီးခံရသူသည် ပြည်ခိုင်ဖြိုးပါတီဝင်မဟုတ်ဘဲ NLD ပါတီဝင်ဖြစ်၊ ၎င်း၏ ဖုန်းအတွင်း၌ PDF ကို ထောက်ပံ့သည့် အထောက်အထားများတွေ့ရှိ၍ ဖမ်းဆီးခံရခြင်းဟုဆို

တောင်တွင်းကြီးမြို့၌ ဖမ်းဆီးခံရသူသည် ပြည်ခိုင်ဖြိုးပါတီဝင်မဟုတ်ဘဲ NLD ပါတီဝင်ဖြစ်၊ ၎င်း၏ ဖုန်းအတွင်း၌ PDF ကို ထောက်ပံ့သည့် အထောက်အထားများတွေ့ရှိ၍ ဖမ်းဆီးခံရခြင်းဟုဆို

Share this post

မကွေး၊ သြဂုတ် ၂၆ (People Media)

 

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ဖမ်းဆီးခံခဲ့ရသည့် ဦးဘုန်းမြတ်မင်းသည် ပြည်ခိုင်ဖြိုးပါတီဝင် မဟုတ်ဘဲ NLD ပါတီဝင်တစ်ဦးဖြစ်ကြောင်း မကွေးတိုင်း ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ပိုင်တစ်ဦးက ပြောပါ တယ်။

 

“ဦးဘုန်းမြတ်မင်းက ယခင် ၂၀၁၀ ကနေ၂၀၁၅ ထိက ပြည်ခိုင်ဖြိုးပါတီကို ဝန်းရံခဲ့သူဖြစ်တယ်။ ၂၀၁၅ ကနေ ၂၀၂၀ အထိက NLD ပါတီဝင်အနေနဲ့ ရပ်တည်ခဲ့သူဖြစ်သလို NLD ပါတီဝင်တစ်ဦးလည်း ဖြစ်တယ်” လို့ မကွေး တိုင်း ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

 

တောင်တွင်းကြီးမြို့နယ်၊ ကုလားမကျေးရွာ၌ နေထိုင်သည့် ဦးဘုန်းမြတ်မင်းသည် သြဂုတ်လ ၂၃ ရက်နေ့၌ ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

 

ဦးဘုန်းမြတ်မင်း ဖမ်းဆီးခံရမှုနှင့်ပတ်သတ်ပြီး People Media မှ သက်ဆိုင်ရာတာဝန်ရှိသူကို မေးမြန်းရာ၌ ၎င်း၏ ဖုန်းအတွင်းမှ PDF များကို ထောက်ပံ့သည့် အထောက်အထားများ၊ PDF နှင့် ပတ်သက်မှုရှိနေ၍ စစ်ဆေးနေကြောင်း ပြောဆိုပါတယ်။

 

#PeopleMedia #တောင်တွင်းကြီးမြို့ #ဦးဘုန်းမြတ်မင်း

 

(unicode)


…………………………………………………………….

 


 


 


 


 


 



Share this post