• Follow Us on

Home တောင်တွင်းကြီး မြို့မဈေး၌ ဗိဿနိုး(PDF)မှ လုပ်ကြံခဲ့သူမှာ တပ်မတော်မှ တပ်ကြပ်ကြီးမဟုတ်ဘဲ သကြား စက်ဝန်ထမ်းဖြစ်နေ

တောင်တွင်းကြီး မြို့မဈေး၌ ဗိဿနိုး(PDF)မှ လုပ်ကြံခဲ့သူမှာ တပ်မတော်မှ တပ်ကြပ်ကြီးမဟုတ်ဘဲ သကြား စက်ဝန်ထမ်းဖြစ်နေ

Share this post

မကွေး၊ ဒီဇင်ဘာ ၁၄ (People Media)

 

ဒီဇင်ဘာ ၁၃ ရက်နေ့က မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ မြို့မဈေး၌ ဈေးလာဝယ်သူ အမျိုးသားတစ်ဦးကို တပ်မတော်မှ တပ်ကြပ်ကြီးဟူ၍ ယူဆချက်ဖြင့် ဗိဿနိုး(PDF)အဖွဲ့က လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး အဆိုပါလုပ်ကြံခံရသူသည် တပ်ကြပ်ကြီးမဟုတ်ဘဲ သကြားစက်မှ ဝန်ထမ်းဖြစ်နေကြောင်း ဒေသခံအချို့က အတည်ပြု ပြောဆိုသည်။

 

လုပ်ကြံခံရသူသည် တပ်ကြပ်ကြီးမဟုတ်ပဲ MEC သကြားစက်ရုံတွင် ယာဉ်မောင်းအဖြစ် တာဝန်ထမ်းဆောင်နေ သူဖြစ်ပြီး ၎င်း၌ အရွယ်မရောက်သေးသော ကလေးငယ်တစ်ယောက်ရှိကြောင်း သိရသည်။

 

ဗိဿနိုး(PDF)အဖွဲ့မှ ထုတ်ပြန်ထားရာတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်၊ နေ့လည် ၁ နာရီ ၂၀ မိနစ် အချိန်တွင် တောင်တွင်းကြီး မြို့မဈေးတွင် ကပစ-၁၈ တပ်မတော်သားတစ်ယောက်ကို လုပ်ကြံခဲ့ကြောင်း ရေးသားခဲ့သည်။

 

အဆိုပါ ဗိဿနိုး(PDF)အဖွဲ့သည် မကွေးတိုင်းဒေသကြီးရှိ အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံဝန်ထမ်းများ၊ ဒလန်ဟု စွပ်စွဲခံရသူများကို လိုက်လံသတ်ဖြတ်လျက်ရှိသည်။

 

#PeopleMedia #တောင်တွင်းကြီး #ဗိဿနိုးPDFအဖွဲ့

 

(Unicode)


………………………………………………………..

 


 


 


 


 


 



Share this post