• Follow Us on
Latest News

Home တောင်တရုတ်ပင်လယ်တွင်းနိုင်ငံများဆောင်ရွက်မည့် နည်းလမ်းများနှင့် ပတ်သက်သည့် ကြေညာချက်အတိုင်း တရုတ်နိုင်ငံက ဆောင်ရွက်မည်ဖြစ်ပြီး တောင်တရုတ်ပင်လယ်တည်ငြိမ်ရေး ထိန်းသိမ်းသွားမည်

တောင်တရုတ်ပင်လယ်တွင်းနိုင်ငံများဆောင်ရွက်မည့် နည်းလမ်းများနှင့် ပတ်သက်သည့် ကြေညာချက်အတိုင်း တရုတ်နိုင်ငံက ဆောင်ရွက်မည်ဖြစ်ပြီး တောင်တရုတ်ပင်လယ်တည်ငြိမ်ရေး ထိန်းသိမ်းသွားမည်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၅ (People Media)

 

တောင်တရုတ်ပင်လယ်တွင်း အေးချမ်းတည်ငြိမ်ရေးအတွက်တောင်းဆိုရင်း တောင်တရုတ်ပင်လယ်သည် အဓိ ကအင်အားကြီးနိုင်ငံအချင်းချင်း နေရာလုသည့် စစ်တလင်းတစ်ခုမဟုတ်သလို ဖြစ်လည်းမဖြစ်သင့်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီးဝန်ရီက အင်္ဂါနေ့က ပြောကြားလိုက်သည်။

 

နိုင်ငံခြားရေးဝန်ကြီးဝန်ရီက အာဆီယံ-တရုတ် ဝန်ကြီးများအစည်းအဝေးတွင် ၎င်း၏မှတ်ချက်ကိုပြောကြားခဲ့ခြင်း ဖြစ်ပြီး တောင်တရုတ်ပင်လယ်တွင်းနိုင်ငံများဆောင်ရွက်မည့် နည်းလမ်းများနှင့် ပတ်သက်သည့် ကြေညာချက် အပေါ် ကတိကဝတ်ပြုထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

အငြင်းပွားမှုများကို တိုက်ရိုက်ပတ်သက်သည့်နိုင်ငံများက ဆွေးနွေးညှိနှိုင်းမှုများ၊ ညှိနှိုင်းတိုင်ပင်မှုများမှတစ်ဆင့် ငြိမ်းချမ်းစွာ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်သင့်ကြောင်း တရုတ်အစိုးရကပြောကြောင်း ဝန်ရီကပြောကြားခဲ့ပြီး ပဋိပက္ခကိုပိုမိုဆိုးရွားစေသည့်၊ သဘောထားကွဲပြားမှုများကို ပိုမိုကျယ်ပြန့်စေသည့် တစ်ဖက်သတ်ဆောင်ရွက်မှု မျိုးကိုရှောင်ရှားပြီး ပင်လယ်ပြင်အတွင်း လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းကျယ်ပြန့်စေအောင် ဆောင်ရွက်ရန် တိုက်တွန်းလိုက်သည်။

 

တောင်တရုတ်ပင်လယ်တွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ကာကွယ်ပေးနေသောကိစ္စနှင့်ပတ်သက်၍ ထပ်မံဆွေးနွေးညှိနှိုင်းရန် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ ဆုံးဖြတ်ချက်ကို ပြင်ပကဖိအားပေးသည့် ဝင် ရောက်စွက်ဖက်မှုကဖြစ်စေ COVID-19 ကပ်ရောဂါကဖြစ်စေ ဟန့်တားနိုင်မည်မဟုတ်ကြောင်း ဝန်ရီက ဖြည့် စွက်ပြောကြားသည်။

 

တောင်တရုတ်ပင်လယ်တွင်းရှိ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်စိုးမှု၊ အခွင့်အရေးများနှင့် အကျိုးစီးပွား တို့မှာ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်း (UNCLOS) အပါအဝင် နိုင်ငံတကာဥပဒေနှင့်အညီ ဖြစ်ကြောင်း ၎င်းကအလေးထားပြောကြားလိုက်ပြီး တရုတ်နိုင်ငံအနေဖြင့် မည်သည့်တောင်းဆိုမှုအသစ်ကိုမျှ တောင်းဆိုခဲ့ခြင်းမရှိသော်လည်း ယခုအချိန်အထိ တသမတ်တည်းရှိနေသော တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ခိုင်မြဲစွာစောင့်ထိန်းလိုက်နာသွားမည်ဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောသည်။

 

#PeopleMedia #International

 

(unicode)


………………………………………………………………

 


 


 


 


 


 


 

#PeopleMedia #International


Share this post