• Follow Us on

Home ေတာင္တ႐ုတ္ပင္လယ္တြင္ စစ္ေရးေလ့က်င့္မႈျပဳလုပ္ရန္ တ႐ုတ္ေလယာဥ္တင္သေဘၤာအုပ္ထြက္ခြာ

ေတာင္တ႐ုတ္ပင္လယ္တြင္ စစ္ေရးေလ့က်င့္မႈျပဳလုပ္ရန္ တ႐ုတ္ေလယာဥ္တင္သေဘၤာအုပ္ထြက္ခြာ

Share this post

ေဘက်င္း၊ ဒီဇင္ဘာ ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တ႐ုတ္ႏိုင္ငံ၏ အသစ္လြင္ဆံုးေလယာဥ္တင္သေဘၤာ ႐ွန္ေဒါင္း ဦးေဆာင္သည့္ေလယာဥ္တင္သေဘၤာအုပ္စု သည္ ထိုင္၀မ္ေရလက္ၾကားမွတဆင့္ ေတာင္တ႐ုတ္ပင္လယ္သို႔သြားေရာက္ၿပီး ပံုမွန္စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ရန္႐ွိေနသည္ဟု တ႐ုတ္ေရတပ္က တနလၤာေန႔တြင္ေျပာသည္။

အလားတူလမ္းေၾကာင္းမွ အေမရိ ကန္စစ္သေဘၤာတစင္းအကူးအေျပာင္းလုပ္ခဲ့ၿပီး ၁ ရက္အၾကာတြင္ ႐ွန္ေဒါင္း ဦးေဆာင္သည့္သေဘၤာအုပ္စုက ထိုင္၀မ္ေရလက္ၾကားကိုျဖတ္သန္းသြားလာျခင္းျဖစ္သည္။

ပိုင္နက္အျငင္းပြားမႈမ်ား႐ွိေနသည့္ေတာင္တ႐ုတ္ပင္လယ္တြင္ ယခုစစ္ေရးေလ့က်င့္မႈသည္ ႏွစ္စဥ္အစီအ စဥ္မ်ားအရျပဳလုပ္သည့္ပံုမွန္အစီအစဥ္မ်ား၏ တစိတ္တပိုင္းျဖစ္ေၾကာင္းလည္း တ႐ုတ္ေရတပ္ကေျပာသည္။

လိုအပ္ခ်က္အေပၚမူတည္၍ အလားတူစစ္ဆင္ေရးမ်ားျပဳလုပ္သြားမည္ဟုလည္းေျပာသည္။

႐ွန္ေဒါင္းႏွင့္အတူ စစ္သေဘၤာ ၄ စင္းပါေၾကာင္းႏွင့္ ၾကာသပေတးေန႔တြင္ တ႐ုတ္ႏိုင္ငံေျမာက္ပိုင္း ဒါလ်န္း ဆိပ္ကမ္းမွတဆင့္ထြက္ခြာလာေၾကာင္း ထိုင္၀မ္ကာကြယ္ေရး၀န္ႀကီးဌာနကေျပာသည္။

ထိုလႈပ္႐ွားမႈမ်ားကိုေစာင့္ၾကည့္ရန္ စစ္သေဘၤာ ၈ စင္းႏွင့္ ေလတပ္၏ေလယာဥ္ ၈ စင္းတို႔ကို ေစလႊတ္ထား ေၾကာင္းလည္းေျပာသည္။

႐ွန္ေဒါင္းသည္ တ႐ုတ္ႏိုင္ငံ၏ဒုတိယေျမာက္ေလယာဥ္တင္သေဘၤာျဖစ္ၿပီး ၿပီးခဲ့သည့္ ၁ ႏွစ္တြင္ တပ္ေတာ္ ၀င္ခဲ့သည္။

Ref : China says aircraft carrier group on way to South China Sea for drills

#PeopleMedia

(unicode)
တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် တရုတ်လေယာဉ်တင်သင်္ဘောအုပ်ထွက်ခွာ
……………………………………………..

ဘေကျင်း၊ ဒီဇင်ဘာ ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးလေယာဉ်တင်သင်္ဘော ရှန်ဒေါင်း ဦးဆောင်သည့်လေယာဉ်တင်သင်္ဘောအုပ်စု သည် ထိုင်ဝမ်ရေလက်ကြားမှတဆင့် တောင်တရုတ်ပင်လယ်သို့သွားရောက်ပြီး ပုံမှန်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန်ရှိနေသည်ဟု တရုတ်ရေတပ်က တနင်္လာနေ့တွင်ပြောသည်။

အလားတူလမ်းကြောင်းမှ အမေရိ ကန်စစ်သင်္ဘောတစင်းအကူးအပြောင်းလုပ်ခဲ့ပြီး ၁ ရက်အကြာတွင် ရှန်ဒေါင်း ဦးဆောင်သည့်သင်္ဘောအုပ်စုက ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းသွားလာခြင်းဖြစ်သည်။

ပိုင်နက်အငြင်းပွားမှုများရှိနေသည့်တောင်တရုတ်ပင်လယ်တွင် ယခုစစ်ရေးလေ့ကျင့်မှုသည် နှစ်စဉ်အစီအ စဉ်များအရပြုလုပ်သည့်ပုံမှန်အစီအစဉ်များ၏ တစိတ်တပိုင်းဖြစ်ကြောင်းလည်း တရုတ်ရေတပ်ကပြောသည်။

လိုအပ်ချက်အပေါ်မူတည်၍ အလားတူစစ်ဆင်ရေးများပြုလုပ်သွားမည်ဟုလည်းပြောသည်။

ရှန်ဒေါင်းနှင့်အတူ စစ်သင်္ဘော ၄ စင်းပါကြောင်းနှင့် ကြာသပတေးနေ့တွင် တရုတ်နိုင်ငံမြောက်ပိုင်း ဒါလျန်း ဆိပ်ကမ်းမှတဆင့်ထွက်ခွာလာကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောသည်။

ထိုလှုပ်ရှားမှုများကိုစောင့်ကြည့်ရန် စစ်သင်္ဘော ၈ စင်းနှင့် လေတပ်၏လေယာဉ် ၈ စင်းတို့ကို စေလွှတ်ထား ကြောင်းလည်းပြောသည်။

ရှန်ဒေါင်းသည် တရုတ်နိုင်ငံ၏ဒုတိယမြောက်လေယာဉ်တင်သင်္ဘောဖြစ်ပြီး ပြီးခဲ့သည့် ၁ နှစ်တွင် တပ်တော် ဝင်ခဲ့သည်။

Ref : China says aircraft carrier group on way to South China Sea for drills

#PeopleMedia


Share this post