• Follow Us on

Home တောင်တရုတ်ပင်လယ်တွင် တရုတ်ကိုရင်ဆိုင်နိုင်ရေး ဗီယက်နမ်ကို အထောက်အပံ့များပေးရန် ကန်ဒုသမ္မတ ကမ်မလာဟားရစ် ကမ်းလှမ်း

တောင်တရုတ်ပင်လယ်တွင် တရုတ်ကိုရင်ဆိုင်နိုင်ရေး ဗီယက်နမ်ကို အထောက်အပံ့များပေးရန် ကန်ဒုသမ္မတ ကမ်မလာဟားရစ် ကမ်းလှမ်း

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၆ (People Media)

 

အမေရိကန်ဒုသမ္မတကမ်မလာဟားရစ်သည် တောင်အာရှခရီးစဉ်အတွင်း ဗီယက်နမ်ထိပ်တန်းခေါင်းဆောင်များ နှင့်တွေ့ဆုံပြီး တောင်တရုတ်ပင်လယ်၌ တရုတ်အင်အားကြီးထွားလာမှုအား တန်ပြန်ရင်ဆိုင်ရာတွင် ကြိုးပမ်းမှု အဖြစ် ဗီယက်နမ်ကို ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ဒုသမ္မတဟားရစ်သည် ဗီယက်နမ်သမ္မတငုယင်ချုဝန်ဖု၊ ဒုသမ္မတဗိုသီအာချုဝန်၊ ဝန်ကြီးချုပ်မင်ချင်တို့နှင့်တွေ့ဆုံ ခဲ့သည်။ အမေရိကန်ဒုသမ္မတသည် စင်္ကာပူနှင့် ဗီယက်နမ်နိုင်ငံသို့ ခုနစ်ရက်ကြာခရီးထွက်ခဲ့ခြင်းဖြစ်သည်။ အ နောက်နိုင်ငံများ၏အကူအညီအများစုမှာ ပင်လယ်ပြင်လုံခြုံရေးတိုးမြှင့်ရန် ကူညီထောက်ပံ့ခြင်းဖြစ်သည်။ ကမ်မ လာဟားရစ်ကလည်း အမေရိကန်စစ်သင်္ဘောများထပ်မံလာရောက်လည်ပတ်ရန်ကမ်းလှမ်းခဲ့ကြောင်း ရိုက်တာ သတင်းဌာနကပြောသည်။

 

“ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်းကို လိုက်နာအောင် တရုတ်နိုင်ငံကိုဖိအားပေးဖို့အတွက် ကျွန်မတို့ နည်းလမ်းရှာဖို့လိုပါတယ်။ ပြီးတော့ တခြားနိုင်ငံတွေကို အနိုင်ကျင့်နေတာတွေ၊ ပင်လယ်ပြင်ပိုက်နက် ပိုင်ဆိုင်မှုကို ထပ်တလဲလဲတောင်းဆိုနေတာတွေကို တန်ပြန်ရင်ဆိုင်နိုင်ဖို့အတွက် တရုတ်ကိုဖိအားပေးဖို့လိုပါ တယ်။” ဟု ဗီယက်နမ်သမ္မတနှင့် တွေ့ဆုံစဉ် ဒုသမ္မတဟားရစ်ကပြောသည်။

 

တောင်တရုတ်ပင်လယ်တွင်း တရုတ်နိုင်ငံကခြိမ်းခြောက်လျက်ရှိကြောင်း စင်္ကာပူရီးစဉ်အတွင်း အမေရိကန် ခေါင်းဆောင်များက စွပ်စွဲပြောဆိုလိုက်ပြီးနောက် ယခုခရီးစဉ်မှာ ဒုသမ္မတဟားရစ်၏ တရုတ်နိုင်ငံပေါ် ဒုတိယ မြောက်ထိုးနှက်ချက်ဖြစ်သည်။ ထို့အတူ အမေရိကန်ဒုသမ္မတဟားရစ်သည်လည်း တောင်အာရှနိုင်ငံများကြား တွင် သပ်လျှိုသွေးခွဲရန်ကြိုးစားနေကြောင်း တရုတ်နိုင်ငံက တန်ပြန်စွပ်စွဲပြောဆိုလိုက်သည်။

 

တရုတ်နိုင်ငံက ဟိတ်မြို့တွင် ၂၀၁၆ ခုနှစ်က ချမှတ်ခဲ့သည့် အနုညာတခံသမာဓိအဖွဲ့၏ဆုံးဖြတ်ချက်ကို လက်မ ခံသောကြောင့် ဒေသတွင်းတရုတ်တည်ရှိမှုကို တရားမဝင်ကြောင်း ဟားရစ်ကပြောသည်။ တရုတ်အစိုးရသည် တောင်တရုတ်ပင်လယ်အတွင်း ကျွန်းအတုများတည်ဆောက်ကာ စစ်စခန်းများဖွင့်လှစ်ထားရှိခဲ့သည်။ ဗီယက် နမ်၊ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်ဝမ်နိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ်တွင်းရှိ ရေပိုင်နက်အ ချို့ကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တောင်းဆိုလျက်ရှိရာ လွန်ခဲ့သည့်နှစ်အနည်းငယ်က တရုတ်နှင့် ဗီယက်နမ်နိုင်ငံ ကြားဆက်ဆံရေးတင်းမာသည်အထိ အငြင်းပွားခဲ့ကြဖူးသည်။

 

ဗီယက်နမ်နိုင်ငံတွင် COVID-19 ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးနှင့် အခြားအကူအညီများပေးသွားရန် ဒုသမ္မတဟားရစ်ကကမ်းလှမ်းခဲ့ကြောင်း အိမ်ဖြူတော်ကထုတ်ပြန်ကြေညာခဲ့သည်။ အမေရိကန်၏ကူညီမှုတွင် Pfizer ကိုဗစ်ကာကွယ်ဆေး ထပ်မံလှူဒန်းမှု တစ်သန်းပါဝင်ပြီး စုစုပေါင်းကာကွယ်ဆေးလှူဒါန်းမှုမှာ ၆ သန်း အ ထိရှိသည်။ ၎င်းအပြင် ကပ်ရောဂါအားတိုက်ဖျက်ရန် အမေရိကန်ဒေါ်လာ ၂၃ သန်း ထပ်မံလှူဒန်း သွားမည်ဖြစ် ကြောင်းသိရသည်။

 

တောင်တရုတ်ပင်လယ်တွင်း အငြင်းပွားနယ်မြေများတွင် ဗီယက်နမ်နိုင်ငံအားထောက်ပံ့မှုအဖြစ် တတိယတန်း အမေရိကန်ကမ်းခြေစောင့်စစ်ရေယာဉ်များ၊ ကင်းလှည့်ရေယာဉ် ၂၄ စီး၊ အခြေခံဆက်စပ်ပစ္စည်းများ၊ ဆိပ်ခံ တံတားများနှင့် တရားဥပဒေစိုးမိုးရေးသင်တန်းများထောက်ပံ့ပေးအပ်ရန်စီစဉ်ထားရာ အထက်လွှတ်တော်ခွင့်ပြု ချက်ကိုစောင့်ဆိုင်းနေကြောင်းသိရသည်။

 

Ref: US VP Kamala Harris offers Vietnam support to counter Beijing in the South China Sea

 

#PeopleMedia

 

(unicode)


…………………………………………………………………………….

 


 


 


 


 


 


 


 


 

Ref: US VP Kamala Harris offers Vietnam support to counter Beijing in the South China Sea

 

#PeopleMedia


Share this post