• Follow Us on

Home တောင်တရုတ်ပင်လယ်ထဲထိုးကျသွားသည့် F-35C ဂျက်တိုက်လေယာဉ် ပြန်လည်ဆယ်ယူရန် အမေရိကန် ရေတပ် ကြိုးပမ်းနေ

တောင်တရုတ်ပင်လယ်ထဲထိုးကျသွားသည့် F-35C ဂျက်တိုက်လေယာဉ် ပြန်လည်ဆယ်ယူရန် အမေရိကန် ရေတပ် ကြိုးပမ်းနေ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၆ (People Media)

 

အမေရိကန်လေယာဉ်တင်သင်္ဘော USS Carl Vinson ကုန်းပတ်ပေါ်သို့ ဆင်းသက်ရန်ကြိုးစားစဉ် တေင်တရုတ် ပင်လယ်တွင်းသို့ ထိုးကျသွားသော F-35C ဂျက်တိုက်လေယာဉ် ပြန်လည်ဆယ်ယူရရှိရေးအတွက် အမေရိကန် ရေတပ်က အစီအစဉ်များချမှတ်ဆောင်ရွက်လျက်ရှိသည်။

 

လေယာဉ်ပျက်ကျသည့်ဖြစ်စဉ်တွင် လေယာဉ်မှူးမှာ လေယာဉ်မှခုန်ထွက်နိုင်ခဲ့သော်လည်း USS Carl Vinson လေယာဉ်တင်သင်္ဘောပေါ်မှတပ်ဖွဲ့ဝင် ၇ ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

 

“လေယာဉ်ပြေးလမ်းထိခိုက်ခဲ့ပြီး လေယာဉ်လည်း ပင်လယ်ထဲကို ထိုးကျသွားပါတယ်။ အမေရိကန်ရေတပ်က အဲဒီ F-35C ဂျက်တိုက်လေယာဉ်ကို ပြန်လည်ဆယ်ယူဖို့ ကြိုးပမ်းနေပါတယ်။” ဟု အမေရိကန် အမှတ် ၇ ရေ တပ်အုပ်စု၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်နစ်ကိုးလ်လင်ဂိုက ပြောသည်။

 

ဒေါ်လာသန်းပေါင်းများစွာတန်သည့် F-35C ဂျက်တိုက်လေယာဉ် တရုတ်နိုင်ငံလက်ထဲရောက်ရှိသွားမည်ကို စိုး ရိမ်စရာများဖြစ်ပါသလားဟု အမည်မဖော်သည့်မီဒီယာတစ်ခုကမေးမြန်းရာတွင် “ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံက ဘယ်လိုသဘောထားတယ်ဆိုတာ ကျွန်တော်တို့ မခန့်မှန်းနိုင်ပါဘူး။” ဟု ဗိုလ်နစ်ကိုးလ်  လင်ဂိုက ပြောသည်။

 

ယခုဖြစ်စဉ်မှာ နှစ်လအတွင်း လေယာဉ်တင်သင်္ဘောပေါ်မှ F-35C ဂျက်တိုက်လေယာဉ် ပင်လယ်ထဲထိုးကျ သည့် ဒုတိယမြောက်ဖြစ်စဉ်ဖြစ်သည်။

 

ဗြိတိန်ပိုင် လေယာဉ်တင်သင်္ဘော HMS Queen Elizabeth မှ F-35C ဂျက်တိုက်လေယာဉ်တစ်စင်းသည် လွန်ခဲ့ သည့် နိုဝင်ဘာလအတွင်းက မြေထဲပင်လယ်တွင်းသို့ ထိုးကျသွားခဲ့သော်လည်း လေယာဉ်မှူမှာ လေယာဉ်ပေါ် မှ ခုန်ထွက်နိုင်ခဲ့ပြီး ဘေးကင်းစွာဖြင့် လေယာဉ်တင်သင်္ဘောဆီသို့ ပြန်လည်ရောက်ရှိခဲ့သည်။ အဆိုပါလေယာဉ် ကို နောက်ပိုင်းတွယ် ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကကြေညာခဲ့သည်။

 

ယခုလအစောပိုင်းကလည်း တောင်ကိုရီးယားနိုင်ငံမှ F-35A ဂျက်တိုက်လေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းနေ စဉ်အတွင်း အရေးပေါ်ဆင်းသက်ခဲ့ရသည်။

 

၂၀၁၉ ခုနှစ် ဧပြီလအတွင်းက ဂျပန်နိုင်ငံမှ F-35 ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်တစ်စင်း ဂျပန်နိုင်ငံမြောက် ပိုင်းနှင့်နီးကပ်နေသည့် ပစိဖတ်သမုဒ္ဒရာ အတွင်းသို့ ပျက်ကျသွားခဲ့ရာ လေယာဉ်မှူးသေဆုံးခဲ့သည်။

 

လွန်ခဲ့သည့်အောက်တိုဘာလအတွင်းက နျူကလီးယားစွမ်းအင်သုံး USS Connecticut ရေငုပ်သင်္ဘောက ရေ အောက်တောင်ကုန်းတစ်ခုကို ဝင်ရောက်တိုက်မိခဲ့ရာ သင်္ဘောဦးပိုင်းပျက်စီးခဲ့ပြီး သင်္ဘောသား ၁၁ ဦး ဒဏ်ရာရ ရှိခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရှောင်ရှားနိုင်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ ရှိခဲ့ပြီးနောက် ရေငုပ်သင်္ဘောကွပ်ကွဲရေးအရာရှိ (CO) ကို တာဝန်မှဖယ်ရှားခဲ့သည်။

 

ဇန်နဝါရီလ ၂၄ ရက်နေ့ (တနင်္လာနေ့) တွင် ရေတပ်နှင့် မရိန်းတပ်တို့မှ အရာရှိ/ စစ်သည် ၁၄,၀၀၀ ကျော်ပါဝင် သော USS Carl Vinson နှင့် USS Abraham Lincoln တို့ ဦးဆောင်သည့် လေယာဉ်တင်သင်္ဘောတိုက်ခိုက် ရေးအုပ်စုနှစ်စု တောင်တရုတ်ပင်လယ်တွင်း စစ်ရေးလေ့ကျင့်မှုများပြုလုပ်နေစဉ် အဆိုပါ F35 ဂျက်တိုက်လေ ယာဉ် ပျက်ကျသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

Ref: US Navy working to recover F35 from South China Sea

 

#PeopleMedia

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 


 


 


 


 


 

Ref: US Navy working to recover F35 from South China Sea

 

#PeopleMedia


Share this post